top of page

သမ္မတဦးဝင်းမြင့်အတွက် SCEFဝမ်းသာ

  • Writer: BVJ
    BVJ
  • Apr 22
  • 1 min read

ယူဂရင်း/BVJ_ဧပြီ ၂၂၊ ၂၀၂၆

သမ္မတဦးဝင်းမြင့်လွတ်မြောက်လာပြီးနောက် မိသားစုနဲ့မြင်တွေ့ရပုံ(ဓါတ်ပုံ-Htin Lin Oo Facebook)
သမ္မတဦးဝင်းမြင့်လွတ်မြောက်လာပြီးနောက် မိသားစုနဲ့မြင်တွေ့ရပုံ(ဓါတ်ပုံ-Htin Lin Oo Facebook)

“နိုင်ငံတော်သမ္မတဦးဝင်းမြင့် မိသားစုထံပြန်လည်ရောက်ရှိခြင်းအတွက် ဝမ်းမြောက်ကြောင်း သဝဏ်လွှာ”ကို ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ -SCEFက ဒီနေ့ ဧပြီ ၂၂ရက် နေ့လယ်မှာဖော်ပြလာပါတယ်။

 

စစ်တပ်ရဲ့မတရားဖမ်းဆီးခြင်းကို ငါးနှစ်ကျော်ကြာခံခဲ့ရတဲ့ သမ္မတဦးဝင်းမြင့်ဟာ အခုလ ဧပြီ ၁၇ရက်မှာ မိသားစုဆီပြန်လည်ရောက်ရှိခဲ့တဲ့အတွက် SCEF အနေနဲ့ မိသားစု၊ မြန်မာနိုင်ငံသူနိုင်ငံသားတွေအားလုံးနဲ့ ထပ်တူ ဝမ်းမြောက်ဝမ်းသာဖြစ်ရတယ်လို့ ဖော်ပြထားပါတယ်။

 

“နိုင်ငံတော်သမ္မတဦးဝင်းမြင့်အနေဖြင့် ကိုယ်၏ ကျန်းမာခြင်း၊ စိတ်၏ ခိုင်မာခြင်းတို့ကို ပိုင်ဆိုင်ကာ နိုင်ငံ့အကျိုး၊ နိုင်ငံသူနိုင်ငံသားတို့၏ အကျိုးကို ဘေးအန္တရာယ်ကင်းစွာဖြင့် ဆက်လက်သယ်ပိုးထမ်းရွက်နိုင်ပါစေကြောင်း ဆန္ဒပြုဆုမွန်ကောင်းတောင်းအပ်ပါသည်”လို့ SCEFကပြောထားပါတယ်။

 

ဒါ့အပြင် မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံး ခြွင်းချက်မရှိ အမြန်ဆုံးလွတ်မြောက်နိုင်ရေးအတွက်လည်း တိုင်းရင်းသား ပြည်သူလူထုအားလုံးနဲ့အတူ အစွမ်းကုန် ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားမယ်လို့လည်း သဝဏ်လွှာမှာဖော်ပြပါတယ်။

 

SCEFမှာ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) တို့နဲ့ပူးပေါင်းပါဝင်ပါတယ်။

 

လွတ်လပ်သော CDM နိုင်ငံ့ဝန်ထမ်းထုအဖွဲ့အစည်း(ICCSO)ကလည်း နိုင်ငံတော်သမ္မတဦးဝင်းမြင့်ကို တရားဝင်သမ္မတအဖြစ် ဆက်လက်ထောက်ခံပါကြောင်း မနေ့က ဧပြီ ၂၁ရက်မှာထုတ်ပြန်ထားပါတယ်။

 


 

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page