top of page

၁၃နှစ်မိန်းကလေးကိုအဓမ္မပြုကျင့်သတ်ဖြတ်ခဲ့တဲ့သူကို NUGရဲချုပ်ဦးဆောင်ပြီး စစ်ဆေးနေ

  • Writer: BVJ
    BVJ
  • Oct 31
  • 1 min read

မိုနာ/BVJ_အောက်တိုဘာ ၃၁၊ ၂၀၂၅

သက်ငယ်မုဒိမ်းမှုနဲ့လူသတ်မှုကျူးလွန်သူကိုသေဒဏ်ပေးဖို့ ဒေသခံများက အောက်တိုဘာ ၂၆ရက်က ဆန္ဒပြတောင်းဆိုနေပုံ။        (ဓါတ်ပုံ-ယောအလင်းတန်း)
သက်ငယ်မုဒိမ်းမှုနဲ့လူသတ်မှုကျူးလွန်သူကိုသေဒဏ်ပေးဖို့ ဒေသခံများက အောက်တိုဘာ ၂၆ရက်က ဆန္ဒပြတောင်းဆိုနေပုံ။ (ဓါတ်ပုံ-ယောအလင်းတန်း)

မကွေးတိုင်း၊ဆောမြို့မှာ ၁၃နှစ်အရွယ်မိန်းကလေးငယ်ကို အဓမ္မပြုကျင့်သတ်ဖြတ်မှု ကျူးလွန်သူ မင်းမင်းစိုးကို ထိရောက်တဲ့အရေးယူမှုပြုလုပ်နိုင်ရေး အမှုစစ်လုပ်ငန်းတွေဆောင်ရွက်နေပြီလို့ ဆောမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အသိပေးလာပါတယ်။


လက်ရှိမှာ ကျူးလွန်သူမင်းမင်းစိုးကို NUGပြည်ထဲရေးနဲ့လူဝင်မှုကြီးကြပ်ရေးဌာနက ရဲချုပ်ဦးဆောင်ကြီးကြပ်မှုနဲ့ အမှုစစ်လုပ်ငန်းတွေဆောင်ရွက်နေတာဖြစ်ပြီး အမှုစစ်ဆေးပြီးအမှုတွဲတင်ရေး၊ တရားရုံးထုတ်စစ်ဆေးရေး၊ ထိရောက်တဲ့အရေးယူမှုပြုလုပ်ရေးတို့ကို အမြန်ဆုံးလုပ်ဆောင်နိုင်ရေးတို့ကို ကြပ်ကြပ်မတ်မတ်ဆောင်ရွက်နေတယ်လို့ မနေ့က အောက်တိုဘာ ၃၀ရက်ညပိုင်းမှာ ပြည်သူကိုအသိပေးထုတ်ပြန်လာတာပါ။


ဆောမြို့နယ်၊ ရတနာသီရိရပ်ကွက်မှာနေထိုင်တဲ့ မိန်းကလေးငယ်ကို ၂၁နှစ်အရွယ်ကိုမင်းမင်းစိုးဆိုသူက အောက်တိုဘာ ၂၁ရက်မှာအိမ်ကနေလာခေါ်သွားကာ မုဒိမ်းကျင့်၊သတ်ဖြတ်ခဲ့တာဖြစ်ပြီး အောက်တိုဘာ ၂၅ရက်မှာမှ မိန်းကလေးငယ်ရဲ့အလောင်းကို ပြည်သူ့ဆေးရုံဝန်းအတွင်းက အခန်းတခုအတွင်းမှာ ပုတ်ပွနေတဲ့အနေအထားနဲ့ ရှာဖွေတွေ့ရှိခဲ့ပါတယ်။


ဒါကြောင့်ကျူးလွန်သူကို ပြည်သူတွေရှေ့မှာတင်သေဒဏ်ပေးဖို့ဆိုပြီး ဒေသခံတွေက အောက်တိုဘာ ၂၆ရက်မှာဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။


ကျူးလွန်သူဟာ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးဖြစ်တယ်ဆိုတဲ့ သတင်းတွေလည်းထွက်ပေါ်နေတာကြောင့် ဒီ‌ပေါ်မှာအတည်ပြုနိုင်ဖို့အတွက် ဆောမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို Burma VJကဆက်သွယ်မေးမြန်းထားဆဲဖြစ်ပါတယ်။



Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page