ကျောက်ထုဒေသဗုံးကြဲခံရပြီး အမျိုးသမီး ၅ ဦးသေဆုံး
- BVJ

- Feb 6
- 1 min read
မိုနာ/BVJ_ဖေဖော်ဝါရီ ၆၊ ၂၀၂၆

မကွေးတိုင်း၊ဆောမြို့နယ် ကျောက်ထုဒေသတွင်းက မိအယ်ကျေးရွာကို စစ်အုပ်စုက မနေ့က နေ့လယ် လေးနာရီကျော်မှာလေကြောင်းဗုံးကြဲခဲ့တာကြောင့် အမျိုးသမီး ငါးဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
“အရင်ဆုံး ဒရုန်းတွေနဲ့ကင်းထောက်သလိုမျိုး အရင်လာတယ်။ ပြီးတော့ ဂျက်ဖိုက်တာနဲ့ ဗုံးနှစ်လုံးလာကြဲတာ။ သေဆုံးသူတွေထဲမှာ ၈နှစ်နဲ့၁၂နှစ်ကျော်ကလေးနှစ်ယောက်ပါတယ်။ ကျောင်းသူလေးတွေပါ။ နောက် အသက် ၇၀ကျော်တယောက်ပါတယ်။ ကျန်တာကတော့ ၄၀၊ ၅၀အရွယ်ပေါ့”လို့ ဆောဒေသခံတစ်ဦးက Burma VJကိုပြောပါတယ်။
သေဆုံးသူကျောင်းသူလေးနှစ်ဦးဟာ တတိယတန်းနဲ့သတ္တမတန်းကိုတက်ရောက်နေသူတွေဖြစ်ပြီး နောက်ထပ်အမျိုးသမီး နှစ်ဦးလည်းထိခိုက်ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။

မိအယ်ကျေးရွာလေကြောင်းဗုံးကြဲခံရမှုအတွင်း နေအိမ်တွေလည်း ထိခိုက်ပျက်ဆီးမှုရှိခဲ့တယ်လို့သိရပြီး ဒေသတွင်းအခြေအနေတွေကိုဖော်ပြနေတဲ့ ယောအလင်းတန်းမှာတော့ နေအိမ်အလုံး ၄၀ကျော်ထိခိုက်ပြီး ၅လုံးကတော့လုံးဝပျက်ဆီးသွားတယ်လို့ ဖော်ပြထားပါတယ်။




Comments