top of page

မိန်းကလေးငယ်ကို အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့သူကို ပြည်သူ့ရှေ့မှာတ‌‌‌‌‌‌‌‌င်သေဒဏ်ပေးဖို့ ဒေသခံတွေတောင်းဆို

  • Writer: BVJ
    BVJ
  • Oct 27
  • 1 min read

မိုနာ/BVJ_အောက်တိုဘာ ၂၇၊ ၂၀၂၅

မုဒိမ်းကျင့်၊လူသတ်အလောင်းဖျောက်ခဲ့တဲ့ကျူးလွန်သူကို သေဒဏ်ပေးဖို့ ဒေသခံများအောက်တိုဘာ ၂၆ရက်က ဆန္ဒပြတောင်းဆိုနေပုံ။(ဓါတ်ပုံ-ယောအလင်းတန်း)
မုဒိမ်းကျင့်၊လူသတ်အလောင်းဖျောက်ခဲ့တဲ့ကျူးလွန်သူကို သေဒဏ်ပေးဖို့ ဒေသခံများအောက်တိုဘာ ၂၆ရက်က ဆန္ဒပြတောင်းဆိုနေပုံ။(ဓါတ်ပုံ-ယောအလင်းတန်း)

မကွေးတိုင်း၊ဆောမြို့မှာ ၁၃နှစ်အရွယ်မိန်းကလေးငယ်တစ်ဦး အဓမ္မပြုကျင့်ခံရပြီး သတ်ဖြတ်အလောင်းဖျောက်ဖျက်ခံရမှုအတွက် ကျူးလွန်သူတရားခံကို ပြည်သူတွေရှေ့မှာတင်သေဒဏ်ပေးဖို့ ဒေသခံတွေက မနေ့က အောက်တိုဘာ ၂၇ရက်မှာဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။


ဆောမြို့နယ်၊ ရတနာသီရိရပ်ကွက်မှာနေထိုင်တဲ့ မိန်းကလေးငယ်ကို ၂၁နှစ်အရွယ်ကိုမင်းမင်းစိုးဆိုသူက အောက်တိုဘာ ၂၁ရက်မှာအိမ်ကနေလာခေါ်သွားကာ မုဒိမ်းကျင့်၊သတ်ဖြတ်ခဲ့တာဖြစ်ပြီး အောက်တိုဘာ ၂၅ရက်မှာမှ မိန်းကလေးငယ်ရဲ့အလောင်းကို ပြည်သူ့ဆေးရုံဝန်းအတွင်းက အခန်းတခုအတွင်းမှာ ပုတ်ပွနေတဲ့အနေအထားနဲ့ ပြန်လည်‌တွေ့ရှိခဲ့တာဖြစ်ပါတယ်။


"သူနဲ့ကလေးမိသားစုနဲ့ကအရင်ထဲကရင်းနီးကြတော့ ကလေးကလည်းလိုက်သွားတာ။ ကျူးလွန်ပြီးတော့လည်း ကလေးအလောင်းကိုကုတင်အောက်မှာမိုးကာစနဲ့ဖုံးပြီးထားခဲ့တာ။ လိုက်ရှာကြရင်း အနံ့ထွက်လာမှသိကြတာ"လို့ ဆောဒေသခံတစ်ဦးက Burma VJ ကိုပြောပါတယ်။


ကျူးလွန်သူ ကိုမင်းမင်းစိုးကို အောက်တိုဘာ ၂၅ရက်ညနေမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေကဖမ်းဆီးမိခဲ့ပြီး ကျူးလွန်ခဲ့ကြောင်းကိုဝန်ခံထားတယ်လို့လည်းသိရပါတယ်။


အဲ့ဒီနောက် ကျူးလွန်သူကိုသေဒဏ်ပေးဖို့ ဒေသခံတွေက ဆန္ဒပြတောင်းဆိုခဲ့ကြတာပါ။

"ပြည်သူ့ယုံကြည်မှုရရှိရေး၊ ပြည်သူ့ရှေ့မှာချက်ခြင်းသတ်၊ တရားခံဖမ်းပြီး ဟိုပြောင်း၊ဒီပြောင်းလုပ်နေတာကို ဥပဒေလို့ခေါ်တာလား၊ သက်ငယ်မုဒိမ်း ‌‌သေဒဏ်ပေး"ဆိုပြီး ဒေသခံတွေက ကြွေးကြော်ဆန္ဒပြတောင်းဆိုခဲ့ကြတာပါ။

မုဒိမ်းကျင့်၊လူသတ်အလောင်းဖျောက်ခဲ့တဲ့ကျူးလွန်သူကို သေဒဏ်ပေးဖို့ ဒေသခံများအောက်တိုဘာ ၂၆ရက်က ဆန္ဒပြတောင်းဆိုနေပုံ။(ဓါတ်ပုံ-ယောအလင်းတန်း)
မုဒိမ်းကျင့်၊လူသတ်အလောင်းဖျောက်ခဲ့တဲ့ကျူးလွန်သူကို သေဒဏ်ပေးဖို့ ဒေသခံများအောက်တိုဘာ ၂၆ရက်က ဆန္ဒပြတောင်းဆိုနေပုံ။(ဓါတ်ပုံ-ယောအလင်းတန်း)

အခုကျူးလွန်ခဲ့သူတရားခံဟာ အရင်ကလည်းမုဒိမ်းမှုတခုကိုကျူးလွန်ထားဖူးသူဖြစ်တယ်လို့လည်း ဒေသတွင်းသတင်းတွေမှာ ဖော်ပြထားကြပါတယ်။


လက်ရှိမှာ ကျူးလွန်သူကိုဖမ်းဆီးထားတဲ့အခြေအနေနဲ့ပတ်သက်ပြီး ဒေသတပ်ရင်း၊တပ်ဖွဲ့တွေဆီက သတင်းထုတ်ပြန်တာမျိုး မတွေ့ရသေးပါဘူး။



Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page