ဒေါ်အောင်ဆန်းစုကြည်နဲ့ ရှေ့နေအဖွဲ့ လာမယ့်တနင်္ဂနွေနေ့မှာတွေ့ဆုံဖို့ စီစဉ်
- BVJ

- May 1
- 1 min read
မိုနာ/BVJ_မေ ၁၊ ၂၀၂၆

စစ်အုပ်စုက သတ်မှတ်ထားတဲ့နေအိမ်မှာပြောင်းရွှေ့ထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ရဲ့ရှေ့နေအဖွဲ့တို့တွေ့ဆုံဖို့စီစဉ်နေတယ်လို့ ရိုက်တာသတင်းဌာနက ဒီနေ့မေလ ၁ရက်မှာ ဖော်ပြလာပါတယ်။
တွေ့ဆုံမှုကို လာမယ့်တနင်္ဂနွေနေ့မှာစီစဉ်ထားကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်အတွက် လိုအပ်တဲ့ပစ္စည်းတွေကိုလည်းပေးဖို့စီစဉ်ထားတယ်လို့ ရှေ့နေအဖွဲ့ရဲ့ကိုယ်စားလှယ်ကပြောထားတာပါ။
ဒေါ်အောင်ဆန်းစုကြည်ဟာ နေပြည်တော်မှာရှိနေဆဲဖြစ်ပြီး အခုသွားရောက်တွေ့ဆုံမယ့်အစီအစဉ်ဟာ ပုံမှန်ထောင်ဝင်စာအတွက်တွေ့ဆုံမှုမျိုးမဟုတ်ဘဲ ရှေ့နေအဖွဲ့ကကိစ္စရပ်တွေကိုဆွေးနွေးနိုင်မယ့် အခြေအနေမျိုးဖြစ်နိုင်တယ်လို့လည်း ပြောထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ကျန်ရှိနေတဲ့ပြစ်ဒဏ်တွေအတွက် သတ်မှတ်ထားတဲ့နေအိမ်မှာပြောင်းရွှေ့ကျခံဖို့ဆိုပြီး စစ်အုပ်စုက မနေ့က ဧပြီ ၃၀ရက်ညပိုင်းမှာ ထိန်းချုပ်မီဒီယာတွေကနေ ဒေါ်အောင်ဆန်းစုကြည်ဓါတ်ပုံတစ်ပုံနဲ့အတူ ကြေညာခဲ့ပါတယ်။
စစ်အုပ်စုအဲ့ဒီထုတ်ပြန်ထားတဲ့ဓါတ်ပုံကိုလည်း သံသယဝင်နေကြပြီး ဒေါ်အောင်ဆန်းစုကြည် အမှန်တကယ်အသက်ရှိနေကြောင်း သက်သေထင်ရှားပြနိုင်ဖို့အတွက် ဆက်သွယ်ခွင့်ပေးဖို့နဲ့လွတ်မြောက်ဖို့အတွက် သားဖြစ်သူနဲ့ကိုထိန်လင်း(ခ)ကင်အဲရစ်က တောင်းဆိုထားပါတယ်။




Comments