top of page

လက်နက်ဖိုးအကြွေးတောင်းသွားတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်နှစ်ဦးပစ်သတ်ခံရ၊

Writer: BVJ
BVJ
5 days ago
1 min read

စစ်ကိုင်းတိုင်းအတွင်း တော်လှန်ရေးသမားသုံးဦး နှစ်ရက်ဆက်တိုက်လုပ်ကြံခံရ

---

မိုနာ/BVJ_အောက်တိုဘာ ၇၊ ၂၀၂၆

၂၀၂၆၊အောက်တိုဘာ ၄ရက်ကပစ်ခတ်လုပ်ကြံခံရပြီး သေဆုံးသွားသူ ရပ်ကျေးပကဖတပ်ဖွဲ့ဝင်နှစ်ဦး။
၂၀၂၆၊အောက်တိုဘာ ၄ရက်ကပစ်ခတ်လုပ်ကြံခံရပြီး သေဆုံးသွားသူ ရပ်ကျေးပကဖတပ်ဖွဲ့ဝင်နှစ်ဦး။

အခုလ အောက်တိုဘာ ၄ရက်နေ့မှာ လက်နက်ဖိုးအကြွေးတောင်းသွားတဲ့ ဘုတလင်မြို့နယ်၊ရပ်ကျေးပကဖတပ်ဖွဲ့ဝင်နှစ်ဦးဟာ စစ်ကိုင်းတိုင်း၊အရာတော်နဲ့ဒီပဲယင်းမြို့နယ်အစပ်ဖြစ်တဲ့ တိုက်ရွာနဲ့အုပ်ရှစ်ကြီးရွာကြားမှာ သေနတ်နဲ့ပစ်ခတ်လုပ်ကြံခံရပြီးသေဆုံးသွားပါတယ်။


သူတို့နှစ်ဦးဟာ ရွှေဘိုမြို့နယ်၊ ပေါက်ချိုင်ကျေးရွာပကဖတွေဆီမှာ လက်နက်ဖိုးသိန်းနှစ်ရာအကြွေးသွားတောင်းခဲ့တာဖြစ်ပြီး တောင်းပြီးပိုက်ဆံယူ၊ပြန်လာတဲ့လမ်းမှာ နောက်ကနေလိုက်လာတဲ့ ဆိုင်ကယ်နဲ့လူတစုကသေနတ်နဲ့ပစ်ခတ်သွားတာဖြစ်တယ်လို့ ဖြစ်စဉ်ကိုသိရှိထားတဲ့ ဒေသခံတစ်ဦးက Burma VJကိုပြောပါတယ်။


သူတို့ကိုပစ်ခတ်တဲ့သူတွေဟာ အကြွေးလာတောင်းလို့ပိုက်ဆံပေးလိုက်ရတဲ့ ရွှေဘိုမြို့နယ်၊ ပေါက်ချိုင်ကျေးရွာပကဖသုံးဦးဖြစ်ပြီး သူတို့ကိုအောက်တိုဘာ ၅ရက်မှာ ဒီပဲယင်းပလဖကဖမ်းဆီးမိတာကြောင့် မနေ့က အောက်တိုဘာ ၆ရက်မှာတော့ မုံရွာခရိုင်ပကဖဆီလွှဲပြောင်းပေးလိုက်ပြီဖြစ်တယ်လို့ ဒေသခံကပြောပါတယ်။


"ဖမ်းမိလို့လွှဲလိုက်တဲ့သူတွေက ပေါက်ချိုင်ကျေးရွာပကဖ ဦးကျော်၊ကိုပိုင်နဲ့သူ့အမျိုးသမီးတို့ပေါ့။ ပစ်ဖို့အနောက်လိုက်တဲ့အချိန်မှာ အမျိုးသမီးကဆိုင်ကယ်မောင်းတာလို့ကြားရတယ်။ သေနတ်နဲ့ပစ်တာကလည်း ခေါင်းကိုပစ်တာ အချက်ပေါင်းမနည်းဘူး"လို့ အခြေအနေကိုသိရှိတဲ့ ဒေသခံကပြောပါတယ်။
ပစ်ခတ်လုပ်ကြံမှုသံသယနဲ့ဖမ်းဆီးခံရပြီး မုံရွာခရိုင်ပကဖဆီလွှဲပြောင်းထားတဲ့ ပေါက်ချိုင်ပကဖ ကိုပိုင်နဲ့ဇနီး။
ပစ်ခတ်လုပ်ကြံမှုသံသယနဲ့ဖမ်းဆီးခံရပြီး မုံရွာခရိုင်ပကဖဆီလွှဲပြောင်းထားတဲ့ ပေါက်ချိုင်ပကဖ ကိုပိုင်နဲ့ဇနီး။

အဲ့ဒီလူတွေကိုဖမ်းဆီးချိန်မှာလည်း ပစ်ခတ်ဖမ်းဆီးခဲ့ရပြီး သူတို့ကိုလွှဲပြောင်းပေးဖို့ မုံရွာခရိုင်ပကဖနဲ့ ရွှေဘိုခရိုင်ပကဖတို့ကတောင်းဆိုတာဖြစ်တယ်လို့လည်း ဒေသတွင်းသိရှိရပါတယ်။


ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး သက်ဆိုင်ရာပကဖနဲ့ပလဖတာဝန်ရှိသူတွေကိုအတည်ပြုမေးမြန်းနိုင်ဖို့ Burma VJကကြိုးစားဆက်သွယ်နေဆဲဖြစ်ပါတယ်။

၂၀၂၆၊အောက်တိုဘာ ၅ရက်က စစ်ကိုင်မြို့၊ အိုင်ဓမ္မရွာကစတားလင့်ဆိုင်မှာ ပစ်ခတ်လုပ်ကြံခံလိုက်ရသူ ဆားတောင်မိုးကြိုးအဖွဲ့ခေါင်းဆောင် ကိုမိုးကြိုး။
၂၀၂၆၊အောက်တိုဘာ ၅ရက်က စစ်ကိုင်မြို့၊ အိုင်ဓမ္မရွာကစတားလင့်ဆိုင်မှာ ပစ်ခတ်လုပ်ကြံခံလိုက်ရသူ ဆားတောင်မိုးကြိုးအဖွဲ့ခေါင်းဆောင် ကိုမိုးကြိုး။

အခုလအောက်တိုဘာ ၅ရက်မှာပဲ စစ်ကိုင်းမြို့နယ်၊ ဆားတောင်ဒေသအတွင်းလှုပ်ရှားနေတဲ့ ဒေသတော်လှန်ရေးအဖွဲ့တစ်ခုဖြစ်တဲ့ ဆားတောင်မိုးကြိုးအဖွဲ့ခေါင်းဆောင် ကိုမိုးကြိုးဟာ အိုင်ဓမ္မရွာကစတားလင့်ဆိုင်မှာ ပစ်ခတ်လုပ်ကြံခံရပြီးကျဆုံးသွားခဲ့တာကြောင့် စစ်ကိုင်းတိုင်းအတွင်းမှာ နှစ်ရက်ဆက်တိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ပစ်ခတ်လုပ်ကြံခံခဲ့ရတာဖြစ်ပါတယ်။


ဒီလုပ်ကြံပစ်သတ်မှုတွေဟာ တော်လှန်ရေးတပ်ဖွဲ့ဝင်အချင်းချင်းပစ်ခတ်လုပ်ကြံမှုလို့သတင်းတွေထွက်ပေါ်နေပေမယ့် ဒီပေါ်မှာသီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။


Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page