စစ်ကိုင်းPDFခေါင်းဆောင် အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေ
- BVJ

- Jun 17
- 1 min read
မိုနာ/BVJ_ဇွန် ၁၇၊ ၂၀၂၆

စစ်ကိုင်းပြည်သူ့ကာကွယ်ရေးတပ်မတော်(စစ်ကိုင်းPDF)ခေါင်းဆောင် ကိုစစ်ငြိမ်းနိုင်ကို အမျိုးသားညီညွတ်ရေးအစိုးရ-NUGအောက်က တပ်ကခေါ်ဆောင်သွားပြီးနောက်မှာ အဆက်အသွယ်မရတာနှစ်ရက်ကြာပြီလို့ စစ်ကိုင်းPDFတပ်ဖွဲ့က Burma VJကိုအတည်ပြုပြောပါတယ်။
ကိုစစ်ငြိမ်းနိုင်ကို အမှတ်-၁စစ်ဒေသမှူးကတွေ့ချင်တယ်ပြောကာ ခေါ်ဆောင်သွားပြီးနောက်မှာ အဆက်အသွယ်ပြတ်သွားတာကြောင့် ဖမ်းခံရတာဟုတ်မဟုတ်ကိုတော့ အတည်မပြုနိုင်သေးဘူးလို့ စစ်ကိုင်းPDFကပြောပါတယ်။
"အဖမ်းခံရခြင်း ဟုတ်မဟုတ် အတည်မပြုနိုင်သေးပါ။အမှတ် ၁ စစ်ဒေသမှူးက တွေ့ချင်လို့ပြောပြီး ကသာခရိုင်ကွပ်ဒူချွန် ဇော်ဆိုင်းက ခေါ်ဆောင်သွားရာကနေ အဆက်အသွယ်ပြတ်နေတာပါ။၂ရက်ရှိပါပြီ"
ခေါ်ဆောင်သွားတဲ့အထဲမှာ စစ်ကိုင်းPDFခေါင်းဆောင် ကိုစစ်ငြိမ်းနိုင်နဲ့အတူ ရဲဘော် ၃ ဦးလည်းပါသွားတယ်လို့ သတင်းတွေထွက်ပေါ် နေပါတယ်။
လက်ရှိမှာတော့ ကိုစစ်ငြိမ်းနိုင်ကို NUGတပ်ကဖမ်းဆီးထိန်းသိမ်းထားတာဖြစ်တယ်လည်း ဒေသတွင်းသတင်းရင်းမြစ်တချို့ကပြောကြပါတယ်။
စစ်ကိုင်းPDFဟာ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု-SRAအဖွဲ့ဝင်လည်းဖြစ်ပါတယ်။




Comments