top of page

ပြည်ပရွှေ့ပြောင်းတဲ့လူငယ်တွေများပြားနေပေမယ့် လူဦးရေဆုလာဘ်ရရှိနေဆဲကာလဖြစ်တယ်လို့ စစ်ခေါင်းဆောင်ပြော

  • Writer: BVJ
    BVJ
  • Oct 28
  • 1 min read

ယူဂရင်း/BVJ_အောက်တိုဘာ ၂၈၊ ၂၀၂၅

ပြည်သူ့စစ်မှုထမ်းအတွက် စုဆောင်းခံရသူများ(ဓါတ်ပုံ-CINCDS)
ပြည်သူ့စစ်မှုထမ်းအတွက် စုဆောင်းခံရသူများ(ဓါတ်ပုံ-CINCDS)

တချိန်ကမွေးဖွားနှုန်းမြင့်ခဲ့တဲ့ အကျိုးဆက်ကြောင့် နိုင်ငံတွင်းကလူငယ်တွေ ပြည်ပရွှေ့ပြောင်းသွားလာမှုတွေမြင့်မားနေပေမယ့် အလုပ်လုပ်နိုင်တဲ့လူငယ်လူရွယ်ဦးရေများပြားနေဆဲဖြစ်တယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။


"မိမိတို့နိုင်ငံ၏လူငယ်များကြားတွင် ပြည်ပရွှေ့ပြောင်းသွားလာမှုများမြင့်မားနေသော်လည်း တစ်ချိန်က မွေးနှုန်းမြင့်မားခဲ့သည့် အကျိုးဆက်ကြောင့် အလုပ်လုပ်နိုင်သည် လူငယ်လူရွယ်ဦးရေသည်လည်း ယခုတွင် များပြားနေဆဲဖြစ်ကြောင်း၊ တနည်းအားဖြင့် Demographic Bonus ဟုခေါ်သည့် လူဦးရေဆုလာဘ်ရရှိနေဆဲကာလဖြစ်ကြောင်း၊ ထို့ကြောင့် လူဦးရေဆုလာဘ်ရရှိနိုင်သည့် အချိန်ကာလမကုန်ဆုံးမီ ၎င်းလူငယ်လူရွယ်များကို နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် မှန်ကန်ထိရောက်စွာအကျိုးရှိရှိဆောင်ရွက်နိုင်ရန် စီမံပေးရန်အရေးကြီးကြောင်း"ဆိုပြီး နေပြည်တော်မှာမနေ့ကပြုလုပ်တဲ့ ၂၀၂၄ ခုနှစ် လူဦးရေနဲ့အိမ်အကြောင်းအရာသန်းခေါင်စာရင်း ပြည်ထောင်စုအစီရင်ခံစာ ထုတ်ပြန်ခြင်းအခမ်းအနားမှာ စစ်ခေါင်းဆောင်က ပြောတာပါ။


လူငယ်တွေကို လျစ်လျူရှုထားရင် Demographic Burdenနဲ့အတူ တည်ငြိမ်အေးချမ်းမှုလျော့နည်းလာနိုင်သလို အဆိုးဆုံးအခြေအနေအဖြစ် Demographic Disaster ဖြစ်သွားနိုင်တယ်လို့လည်း ဆိုပါတယ်။


ဒါ့အပြင် ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းအချက်အလက်အရ နိုင်ငံရဲ့လူဦးရေဟာ ဆယ်စုနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် အနည်းငယ်လျော့ကျလာတာကိုတွေ့ရကြောင်းနဲ့ ဒါဟာမွေးဖွားနှုန်းကျဆင်းခြင်း၊ ရွှေ့ပြောင်းသွားလာမှုမြင့်မားလာခြင်းနဲ့ မိသားစုပုံစံတွေပြောင်းလဲလာခြင်းတို့ကြောင့်ဖြစ်တယ်လို့ စစ်ခေါင်း‌ဆောင်က ‌ပြောပါတယ်။


စစ်ခေါင်းဆောင်ဟာ လူငယ်တွေကိုမြေတောင်မြှောက်ပေးဖို့ဆိုပြီးပြောဆိုနေပေမယ့် စစ်တပ်အာဏာသိမ်းပြီးတဲ့ ၂၀၂၁ခုနှစ်ကစပြီး နိုင်ငံတွင်းကလူငယ်တွေကို စစ်တပ်က ပုဒ်မမျိုးစုံတပ်ဖမ်းဆီး၊နှိပ်စက်သတ်ဖြတ်တာတွေရှိလာသလို ပြည်သူ့စစ်မှုထမ်းဥပဒေကိုအသက်သွင်းပြီးနောက်မှာလည်း အသက်၁၈နှစ်မပြည့်သေးတဲ့လူငယ်တွေကိုပါ ပေါ်တာဆွဲဖမ်းဆီးမှုတွေလုပ်ဆောင်နေတာဖြစ်ပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page