စစ်ကောင်စီကိုဖျက်သိမ်းပြီး နိုင်ငံတော်လုံခြုံရေးနဲ့ အေးချမ်းသာယာရေးကော်မရှင်ဖွဲ့စည်း၊ စစ်ခေါင်းဆောင်က ဥက္ကဌတာဝန်ယူ
- Jul 31, 2025
- 1 min read
ဝန်ကြီးချုပ်အဖြစ် ညိုစောကိုတာဝန်ပေး
BVJ/ယူဂရင်း_ ဇူလိုင် ၃၁၊ ၂၀၂၅

ဒီနေ့ ဇူလိုင် ၃၁ရက် နေ့လယ်ပိုင်းမှာပြုလုပ်တဲ့ ကာလုံအစည်းအဝေးမှာ စစ်ကောင်စီကိုဖျက်သိမ်းပြီး နိုင်ငံတော်လုံခြုံရေးနဲ့ အေးချမ်းသာယာရေးကော်မရှင်ဖွဲ့စည်းကြောင်းနဲ့ ဥက္ကဌအဖြစ် စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တာဝန်ယူမယ်လို့ ထုတ်ပြန်ကြေညာပါတယ်။
ဒီကော်မရှင်ကို နိုင်ငံတော်ကာကွယ်ရေး၊ လုံခြုံရေးနဲ့ အေးချမ်းသာယာရေး၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးတို့အတွက် လိုအပ်တဲ့လမ်းညွှန်မှုတွေပြုလုပ်နိုင်ဖို့နဲ့ ထိရောက်စွာပေါင်းစပ်ညှိနှိုင်းရေးတို့အတွက် ဖွဲ့စည်းလိုက်တာလို့ ဖော်ပြပါတယ်။
ကော်မရှင်မှာ ဒုဥက္ကဌအဖြစ် ဒုစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက တာဝန်ယူထားသလို အဖွဲ့ဝင်တွေအဖြစ် ဦးညိုစော၊ အောင်လင်းဒွေး၊ ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးသန်းဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ ဗိုလ်ချုပ်ကြီးကျော်စွာလင်းနဲ့ အတွင်းရေးမှူးအဖြစ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးတို့ ပါဝင်ပါတယ်။
စစ်ကောင်စီကိုဖျက်သိမ်းပြီး အရင်စစ်ကောင်စီက လူတွေဟာ ဒီကော်မရှင်မှာ ဆက်ပါဝင်နေတာဖြစ်ပါတယ်။
ဒါ့အပြင် ဝန်ကြီးချုပ်အသစ်အဖြစ် ဦးညိုစောကိုတာဝန်ပေးအပ်လိုက်ကြောင်းကိုလည်း ကြေညာပါတယ်။
စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ နိုင်ငံတော်လုံခြုံရေးနဲ့ အေးချမ်းသာယာရေးကော်မရှင် ဥက္ကဌအပြင် ယာယီသမ္မတာဝန်ကိုလည်း ဆက်ယူထားတာကို တွေ့ရပါတယ်။
ပထမစာမျက်နှာအပြီး ဒုတိယစာမျက်နှာစတင်တော့မယ်လို့ စစ်ခေါင်းဆောင်က မနေ့ကပြုလုပ်တဲ့ စစ်ကောင်စီအဖွဲ့ဂုဏ်ပြုတွေ့ဆုံပွဲမှာ ပြောထားပါသေးတယ်။




Comments