top of page

BPLAက ကျဆုံးစစ်မေရဲဘော်ဟန်နာကို အပြည်ပြည်ဆိုင်ရာအမျိုးသမီးနေ့အတွက် ဂုဏ်ပြုဖော်ပြ

  • Writer: BVJ
    BVJ
  • 20 hours ago
  • 1 min read

ယူဂရင်း/BVJ_မတ် ၆၊ ၂၀၂၆

ကျဆုံးစစ်မေ ရဲဘော်ဟန်နာ။
ကျဆုံးစစ်မေ ရဲဘော်ဟန်နာ။

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်-BPLAက စစ်မေ ရဲဘော်ဟန်နာဟာ ပြီးခဲ့တဲ့လ ဖေဖော်ဝါရီ ၂၄ရက်မှာ တာဝန်တွေကိုထမ်းဆောင်ရင်းကျဆုံးခဲ့တယ်လို့ BPLAက သိရပါတယ်။


ရဲဘော်ဟန်နာဟာ ကချင်ပြည်နယ်၊ဗန်း‌မော်ဇာတိကဖြစ်ပြီး စစ်တပ်ကအာဏာသိမ်းချိန်မှာ CDMလုပ်ခဲ့တဲ့ကျောင်းသူတစ်ယောက်ဖြစ်သလို သူနာပြုနဲ့တရုတ်စကားပြန်တို့ကိုလည်း လုပ်ကိုင်ခဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။


အဲ့ဒီနောက် အသက်(၂၂)အရွယ် ရဲဘော်ဟန်နာဟာ ၂၀၂၅၊ ဖေဖော်ဝါရီမှာ BPLAစုဆောင်းရေးကိုရောက်ရှိလာပြီး ဇွန်လ ၇ရက်မှာ အခြေစံစစ်ပညာသင်တန်းအပတ်စဉ်(၉)သင်တန်းဆင်းခဲ့သူဖြစ်ကြောင်းနဲ့ သင်တန်းဆင်းပြီးနောက်မှာ တာဝန်တွေထမ်းဆောင်ရင်း ပြီးခဲ့တဲ့လကကျဆုံးခဲ့တာဖြစ်တယ်လို့ BPLAက ဒီနေ့ မတ်လ ၆ရက်မှာထုတ်ပြန်ပါတယ်။


ဒါကြောင့်အခုလာမယ့် မတ်လ ၈ရက်မှာကျရောက်မယ့် အပြည်ပြည်ဆိုင်ရာအမျိုးသမီးနေ့ကိုရည်ရွယ်ပြီး ဒီလထုတ် ဗမာသူပုန်စာစဉ်မျက်နှာဖုံးမှာ BPLA အာဇာနည်စစ်မေ ရဲဘော်ဟန်နာရဲ့ဓာတ်ပုံကိုဂုဏ်ပြုဖော်ပြအပ်တယ်လို့ ထုတ်ပြန်လာတာပါ။

ကဗျာဆရာမောင်ဆောင်းခဦးဆောင်တဲ့ BPLAတပ်ဖွဲ့ဟာ စစ်ရေးအခြေအနေတွေကိုထုတ်ပြန်လေ့မရှိပေမယ့် စစ်ဒေသသုံးခုမှာ မဟာမိတ်တပ်တွေနဲ့အတူတိုက်ပွဲဖော်ဆောင်နေကြောင်းနဲ့ တပ်တည်ဆောက်ရေးနဲ့ စစ်ရေးဖော်ဆောင်မှုကိုစဉ်ဆက်မပြတ်လုပ်ဆောင်နေကြောင်းတို့ကို ပြီးခဲ့တဲ့ ၂၀၂၅၊မေလမှာ အသိပေးထားပါတယ်။

BPLAအနေနဲ့ ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာ ၁၀၇ စစ်ဒေသ၊ ၂၀၃ စစ်ဒေသတို့နဲ့ ၂၀၂၅ခုနှစ်အတွင်းမှာတော့ အမှတ် ၃၀၈ အညာစစ်ဒေသကို တိုးချဲ့တည်ဆောက်ထားတာဖြစ်ပါတယ်။


ဓါတ်ပုံ-BPLA

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page