ရွေးကောက်ပွဲအပိုင်း (၁)အတွက် ပြည်ပရောက်မြန်မာတွေကြိုတင်မဲပေးဖို့ စစ်ကောင်စီစတင်
- BVJ

- Aug 22
- 1 min read
Updated: Aug 25
မိုနာ/BVJ_ သြဂုတ် ၂၂၊ ၂၀၂၅

ထိုင်းနိုင်ငံအပါအဝင် ပြည်ပနိုင်ငံရောက်ရှိနေတဲ့မြန်မာနိုင်ငံသားတွေအနေနဲ့ လာမယ့် ဒီဇင်ဘာ ၂၈ရက်မှာ စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲအပိုင်း(၁)အတွက်ကြိုတင်ဆန္ဒမဲပေးနိုင်ဖို့အရေး အာဏာသိမ်းစစ်ကောင်စီက ပြင်ဆင်နေပြီဖြစ်ပါတယ်။
ပြန်ပရောက်မြန်မာနိုင်ငံသားတွေ ကြိုတင်ဆန္ဒမဲပေးနိုင်ရေးအတွက် ပုံစံ(၁၅)ကိုဖြန့်ဝေထားပြီး နိုင်ငံတကာရှိ မြန်မာသံရုံးအသီးသီးမှာ ဒီနေ့ကစတင်ပြီး လာမယ့် စက်တင်တာ ၈ရက်အထိပေးပို့နိုင်တယ်လို့ သံရုံးတွေက ကြေညာလာတာပါ။
ပုံစံ(၁၅)ပေးပို့တဲ့အခါမှာ ဆက်သွယ်ရမယ့် လိပ်စာ၊ အီးမေးလ်နဲ့တယ်လီဖုန်းနံပါတ်တွေကိုပါ တပါထဲထည့်သွင်းဖော်ပြကြဖို့လည်း ကြေညာထားပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ လူငယ်တွေအပါအဝင်မြန်မာနိုင်ငံသားအများအပြားဟာ အိမ်နီးချင်းထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံတွေနဲ့ပြည်ပနိုင်ငံတွေမှာ တိမ်းရှောင်နေထိုင်မှုတွေရှိလာကြပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ထိုင်းနိုင်ငံတွင်းနေထိုင်နေတဲ့ လူငယ်တစ်ဦးကတော့ စစ်ကောင်စီရဲ့ရွေးကောက်ပွဲမှာ မဲပေးမှာမဟုတ်ဘူးလို့ ပြောပါတယ်။
"စစ်တပ်အာဏာ စစ်အာဏာရှင်စနစ်ကိုတော်လှန်နေချိန်မှာ ရွေးကောက်ပွဲနဲ့စစ်စနစ်ကို သက်ဆိုးရှည်ဖို့လုပ်နေတဲ့အတွက် မပေးတာပါ။ စစ်အုပ်စုရဲ့ ရွေးကောက်ပွဲကိုသပိတ်မှောက်ရပါလိမ့်မယ်" လို့ ပြောပါတယ်။
စစ်ကောင်စီလုပ်မယ့်ရွေးကောက်ပွဲဟာ နိုင်ငံရေးထွက်ပေါက်အတွက်ပြုလုပ်မယ့်အတုအယောင်ရွေးကောက်ပွဲဖြစ်တာကြောင့် မပူးပေါင်းမပါဝင်ကြဖို့နဲ့နည်းလမ်းမျိုးစုံနဲ့ ဆန့်ကျင်ကန့်ကွက်ကြဖို့ တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းနှိုးဆော်ထားကြပါတယ်။
စစ်ကောင်စီဘက်ကတော့ ရွေးကောက်ပွဲအပိုင်း(၁)အတွက် ပြင်ဆင်ဆောင်ရွက်မှုတွေဆက်တိုက်လုပ်နေပြီး အခုအပိုင်း(၁)လုပ်မယ်လို့ ကြေညာထားတဲ့ မြို့နယ် ၁၀၂မြို့နယ်ဟာလည်း စစ်အုပ်စုထိန်းချုပ်မှုအားကောင်းတဲ့မြို့နယ်တွေဖြစ်ပါတယ်။







Comments