အမေရိကန်အစိုးရကိုစည်းရုံးပေးဖို့ လော်ဘီအဖွဲ့တစ်ခုကို တစ်နှစ် ဒေါ်လာ၃သန်းနဲ့ စစ်ကောင်စီ ငှားရမ်း
- BVJ

- Aug 7
- 1 min read
အေတီ/BVJ _သြဂုတ် ၇၊ ၂၀၂၅

အာဏာသိမ်းစစ်ကောင်စီ(ယခု စစ်ကော်မရှင်)က အမေရိကန်အစိုးရနဲ့ ဆက်ဆံရေးပြန်လည်တည်ဆောက်နိုင်ဖို့ ဝါရှင်တန်အခြစိုက် DCI Group လော်ဘီအဖွဲ့တစ်ခုကို တနှစ်ဒေါ်လာ၃သန်းနဲ့ ငှားရမ်းလိုက်ပါတယ်။
စာချုပ်အရ ကုန်သွယ်ရေး၊ သဘာဝသယံဇာတထုတ်လုပ်ရေးနဲ့ လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေးကိစ္စတွေမှာ အမေရိကန်အစိုးရနဲ့ဆက်ဆံရေးအဆင်ပြေစေဖို့ DCI groupက လော်ဘီလုပ်ပေးရမှာဖြစ်ပါတယ်။
“စစ်ကော်မရှင်ဘက်က ပြန်ကြားရေးဝန်ကြီးဌာနက တာဝန်ခံငှါးရမ်းတာဖြစ်ပြီး ပြန်ကြားရေးဝန်ကြီးဌာနအတွင်းဝန် ဝင်းကျော်အောင်ကလက်မှတ်ရေးထိုးထားတာတွေ့ရတယ်။
အဓိကဆက်သွယ်ဆောင်ရွက်မယ့်သူကတော့ ပြန်ကြားရေးဝန်ကြီးဌာန ဒုအတွင်းဝန် မြင့်ကျော်ဖြစ်ပါတယ်။
၂၀၂၅ ခု ဩဂုတ်လ ၁ ရက်နေ့ရက်စွဲနဲ့ မှတ်ပုံတင်ထားတာတွေ့ရပါတယ်”လို့ ဝါရှင်တန် ဒီစီအခြေစိုက် ဝီလ်ဆင်စင်တာကသုတေသီတစ်ဦးဖြစ်တဲ့ ကိုရဲမျိုးဟိန်းက သူ့ဖေ့စ်ဘုခ်စာမျက်နှာ ဖော်ပြထားပါတယ်။
အမေရိကန်က မြန်မာစစ်တပ်ရဲ့ ၂၀၁၇ ခုနှစ် ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုတို့ကြောင့် အမေရိကန်က မြန်မာနိုင်ငံကိုပိတ်ဆို့အရေးယူမှုတွေချမှတ်ထားတဲ့အတွက် ပိတ်ဆို့မှုတွေဖြေလျော့သွားအောင် DCI ကုမ္ပဏီဘက်က ပြုလုပ်ပေးရမှာဖြစ်ပါတယ်။
မြန်မာနိုင်ငံကိစ္စနဲ့ပတ်သက်ပြီး DCI ကုမ္ပဏီဘက်က Justin Peterson နဲ့ Ryan Grillo တို့က အဓိကတာဝန်ယူ ဆက်သွယ်ဆောင်ရွက်ကြမှာပါ။
DCI Group ဟာ ရီပတ် ဘလစ်ကန်ပါတီနဲ့ နီးစပ်တဲ့အဖွဲ့ပါ။
Peterson ဟာ George W. Bush ရဲ့ သမ္မတရွေးကောက်ပွဲမဲဆွယ်ရေးတုန်းက ဝင်အလုပ်လုပ်ပေးခဲ့ဖူးပြီး သမ္မတထရမ့်က သူ့ကို Puerto Rico နိုင်ငံနဲ့ပတ်သက်ပြီး FOMB မှာ ကိုယ်စားလှယ်ခန့်ခဲ့ဖူးပါတယ်။
Grilloကတော့ ဆီနိတ်တာ Chuck Hagel ရဲ့ ကိုယ်စားလှယ်လုပ်ခဲ့ဖူးပါတယ်။







Comments