top of page

အဆိုတော်ချမ်းချမ်းရဲ့နိုင်ငံခြားပစ္စည်းတွေကိုရောင်းချပေးလို့ဆိုပြီး အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားတစ်ဦးကို စစ်ကောင်စီဖမ်းဆီး

  • Writer: BVJ
    BVJ
  • Jun 3
  • 1 min read

BVJ/ယူဂရင်း_ ဇွန် ၃၊ ၂၀၂၅

ree

အဆိုတော်ချမ်းချမ်း(ခ)ချမ်းမြငြိမ်းရဲ့ခိုင်းစေမှုနဲ့ တော်လှန်ရေးအဖွဲ့တွေဆီကို ကြားခံငွေလွှဲပေးနေပြီး ချမ်းချမ်းရဲ့နိုင်ငံခြားပစ္စည်းတွေကို ပြန်လည်ရောင်းချပေးနေတဲ့ အွန်လိုင်းကနေစျေးရောင်းသူနှစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးထားကြောင်းကြေညာပါတယ်။


စစ်ကောင်စီက စွပ်စွဲပြီးဖမ်းဆီးခံရသူတွေဟာ မန္တလေးတိုင်း၊ ချမ်းမြသာဇံမြို့နယ်က အွန်လိုင်းလျော့လုပ်ကိုင်သူ မဖြူဖြူနှင်းနဲ့ ရန်ကုန်၊ တောင်ဒဂုံမြို့နယ်က ကိုဘုန်းမြင့်အောင်တို့ဖြစ်ပြီး သူတို့ကို အခုနှစ် ဧပြီ ၃ရက်နဲ့ မေ ၈ရက်တို့မှာဖမ်းဆီးမိတာလို့ ဆိုပါတယ်။


သူတို့နှစ်ဦးဟာ နိုင်ငံ့ဝန်ထမ်းတွေကို CDMလှုပ်ရှားမှုမှာပါဝင်ဖို့နဲ့ အွန်လိုင်းကနေ ဆူပူအုံကြွဖို့လှုံ့ဆော်သူတွေလည်း ဖြစ်တယ်လို့ စစ်ကောင်စီသတင်းမှာ ဖော်ပြပါတယ်။


အွန်လိုင်းစနစ်နဲ့ ရောင်းချတဲ့လုပ်ငန်းကို အရေးကြီးဝန်ဆောင်မှုလုပ်ငန်းအဖြစ် အမိန့်ထုတ်ပြန်သတ်မှတ်ထားတာကြောင့် ဖမ်းဆီးထားသူနှစ်ဦးကို ဥပဒေနဲ့အညီထိရောက်စွာအရေးယူဖို့ ဆောင်ရွက်နေကြောင်း ဖော်ပြပါတယ်။


ဒါ့အပြင် ပန်ဆယ်လိုအကောင့်ပိုင်ရှင် မအိမ့်ပိုးဥ၊ Ma Irene အကောင့်ပိုင်ရှင် မအိုင်ရင်း၊ ShweNadi အကောင့်ပိုင်ရှင် မသင်းသင်းနွယ်၊ Zune Nilar Htay အကောင့်ပိုင်ရှင် မဇွန်နီလာဌေး၊ Aung Thaw အကောင့်ပိုင်ရှင် ကိုအောင်သော်၊ Khaing Su Lwin အကောင့်ပိုင်ရှင် DCS ဆရာမခိုင်စုလွင်၊ P&H Fashion အကောင့်ပိုင်ရှင် မထက်နီနီသန်းနဲ့ Tr Chan Chan အကောင့်ပိုင်ရှင် မချမ်းမြမြသော်တို့နဲ့ ချိတ်ဆက်လုပ်ကိုင်နေသူတွေကိုလည်း စိစစ်‌ဖော်ထုတ်နေတယ်လို့ စစ်ကောင်စီက ကြေညာပါတယ်။


စစ်ကောင်စီဟာ နိုင်ငံပြင်ပရောက်နေတဲ့ တော်လှန်ရေးထောက်ခံသူတွေရဲ့ အွန်လိုင်းလုပ်ငန်းကို ပြည်တွင်းကနေကူညီရင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့အရေးယူမယ်လို့ ထုတ်ပြန်ထားပြီး Data for Myanmar ရဲ့ ဖေဖော်ဝါရီ ၂၈ရက်ထုတ်အစီရင်ခံစာအရ လူမှုကွန်ယက်ပေါ်မှာ စစ်ကောင်စီကိုဆန့်ကျင်ဝေဖန်ပြီး လူထုလှုပ်ရှားမှုတွေနဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေကို ထောက်ခံအားပေးတဲ့ ရေးသားမှုတွေ၊ ပြောဆိုဆက်သွယ်မှုတွေကြောင့် စစ်တပ်အာဏာသိမ်း လေးနှစ်ကျော်ကာလအတွင်းမှာ ဖမ်းဆီးခံရသူ (၁၈၈၄)ဦးရှိခဲ့တယ်လို့ သိရပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page