တပတ်အတွင်း သုံးကြိမ် ကျောက်မဲမြို့ ဗုံးကြဲတိုက်ခိုက်ခံရ၊ ၅ဦးသေဆုံးပြီး လူ၂၀ကျော်ဒဏ်ရာရ
- BVJ

- Jun 29
- 1 min read
Updated: Jun 30
BVJ/ထက်အောင် _ ဇွန် ၂၉ ၊ ၂၀၂၅

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့ပေါ် ကို စစ်ကောင်စီက ဗုံးကြဲတိုက် ခိုက် မှုတွေဆက်တိုက်ပြုလုပ်နေပြီး ဒီတပတ်ထဲမှာတင် သုံးကြိမ်တိုင်တိုင် ဗုံးကြဲ တိုက်ခိုက်မှုပြုလုပ်ခဲ့ပါတယ်။
ဒီနေ့ ဇွန် ၂၉ ရက် နေ့လည် ၂ နာရီခွဲဝန်းကျင်က အမှတ် ၁ ရပ်ကွက်ကို တိုက်လေယာဉ်နဲ့ ပေါင် ၅၀၀ ဗုံး ၂ လုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် ၄ ဦးနဲ့ အမျိုးသမီး ၂ ဦးတို့ ထိခိုက် ဒဏ်ရာရ ရှိခဲ့သလို နေအိမ်တွေလဲ ထိခိုက်ပျက်စီးခဲ့ပါတယ်။-
ဇွန် ၂၄ ရက်နဲ့ ၂၆ ရက်ကလည်း ကျောက်မဲမြို့ အမှတ် ၃ ရပ်ကွက်နဲ့ အမှတ် ၇ ရပ်ကွက်တို့ကို စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တာကြောင့် ဒေသခံပြည်သူ ၅ ဦး သေဆုံးခဲ့ပြီး ကလေး ၂ ဦးအပါအဝင် ၁၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော် (TNLA) တို့ နောင်ချိုမြို့အနီးမှာ နေ့စဉ်နီးပါး တိုက်ပွဲပြင်း ထန်နေချိန် တိုက်ပွဲနဲ့မသက်ဆိုင်တဲ့ မိုးကုတ်မြို့နဲ့ ကျောက်မဲမြို့တို့ကို လေကြောင်းဗုံး ကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတာကြောင့် ပြည်သူထိခိုက်သေဆုံးမှုတွေရှိနေတာ ဖြစ်ပါတယ်။
ငလျင်ဘေးသင့်ပြည်သူတွေအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ လုပ်ဆောင်နိုင် ရေးအတွက် မြောက်ပိုင်းမဟာမိတ်ညီနောင် ၃ ဖွဲ့က အပစ်အခတ်ရပ်စဲမှုကို ဇွန်လကုန်အထိ တစ်လသက်တမ်းထပ်တိုးထားပေမဲ့ စစ်ကောင်စီက နောင်ချိုမြို့ကို ပြန်လည်ရရှိရေးအတွက် လေကြောင်းတိုက်ခိုက်မှုတွေနဲ့ မြေပြင်ထိုးစစ်ဆင်မှုတွေကို နေ့စဉ်နီးပါး လုပ်ဆောင်နေပါတယ်။







Comments