top of page

ရုရှားကမီးတောင် နှစ်ခြောက်ရာအတွင်း ပထမဆုံးအကြိမ် ပြန်လည်အသက်ဝင်လာ

  • Writer: BVJ
    BVJ
  • Aug 4
  • 1 min read

အေတီ/BVJ_ သြဂုတ် ၃၊ ၂၀၂၅

ree

နှစ်၆၀၀အတွင်း ပထမဆုံးအကြိမ်အဖြစ် ရုရှားနိုင်ငံက Krasheninnikov ခရက်စ်နင်နီကော့ဗ် မီးတောင် အသက်ဝင်လာပါတယ်။


ခရက်စ်နင်နီကော့ဗ် မီးတောင်ဟာ ရုရှားအရှေ့ပိုင်း ကမ်ချာတာကျွန်းဆွယ်ဒေသမှာတည်ရှိပြီး ပြီးခဲ့တဲ့ရက်ပိုင်း ရုရှာနိုင်ငံအရှေ့ဖျားမှာလှုပ်ခတ်ခဲ့တဲ့ ၈.၈ မဂ္ဂနီကျူ့ ပြင်းအားရှိတဲ့ ငလျင်လှုပ်ခတ်မှုနဲ့ဆက်စပ်နိုင်ကြောင်း သိပ္ပံပညာရှင်တွေက ခန့်မှန်းနေကြပါတယ်။


တနင်္ဂနွေနေ့မှာ စတင်ပြန်လည်အသက်ဝင်လာတဲ့ ခရက်စ်နင်နီကော့ဗ်မီးတောင်ကထွက်လာတဲ့ ပြာမှု့တွေဟာ ၃.၇မိုင်ထိအမြင့်အထိရောက်လာပါတယ်။ ဒါပေမယ့် လူနေထူထပ်တဲ့ ဒေသတွေကိုတော့ ခြိမ်းခြောက်မှုမရှိဘူးလို့ ရုရှားအစိုးရ အရေးပေါ် ဝန်ကြီးဌာနကပြောပါတယ်။

ree

ကရက်စ်နင်နီကော့ဗ်ကနေ ချော်ရည်တွေထွက်ခဲ့တဲ့အချိန်က ၁၄၆၃ခုနှစ်ကနောက်ဆုံးဖြစ်ပြီး အဲ့ဒီနောက်ပိုင်း မီးတောင်ပေါက်ကွဲမှုဖြစ်ပွားခဲ့တာမရှိဘူးလို့ မီးတောင်နဲ့ဲ့လျင်ဗေဒသိပ္ပံဌာန တယ်လီဂရမ်ချန်နယ်မှာ Ms Girina ကပြောပါတယ်။


အခုသီတင်းပတ်အစောပိုင်းမှာ ငလျင်လှုပ်ခတ်ပြီးနောက် Kamchatka ကမ်ချာတာ ကျွန်းဆွယ်ရှိ Klyuchevskoy မီးတောင်လဲ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်။ Klyuchevskoy မီးတောင်ဟာ ကမ္ဘာပေါ်က အမြင့်ဆုံးမီးတောင်တွေထဲကတစ်ခုဖြစ်ပြီး မကြာသေးမီနှစ်များအတွင်း အကြိမ်ပေါင်းများစွာ ပေါက်ကွဲခဲ့ပါတယ်။


コメント


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page