top of page

ရုရှားက ယူကရိန်းမြို့‌တော် ကိယက်ဗ်ကို ဒရုန်းတွေ ဒုံးကျည်တွေနဲ့ တိုက်ခိုက်

  • Writer: BVJ
    BVJ
  • Sep 8
  • 1 min read

အစိုးရရုံးဌာနချုပ်အပါအဝင် အထပ်မြင့်အဆောက်အဦးတချို့မီးလောင်ပြီး အနည်းဆုံး လူ၄ ဦး သေဆုံး


အေတီ/BVJ _ စက်တင်ဘာ ၇၊ ၂၀၂၅

စက်တင်ဘာ ၇ ရက်က ယူကရိန်းနိုင်ငံ ကိယက်ဗ်မြို့ကို ရုရှားကဒရုန်းနဲ့တိုက်ခိုက်ခဲ့တာကြောင့် တိုက်ခန်းတွေမှာနေတဲ့သူတွေလုံခြုံတဲ့နေရာကို အပြေးအလွှားပြောင်းရွှေ့နေကြစဥ်။
စက်တင်ဘာ ၇ ရက်က ယူကရိန်းနိုင်ငံ ကိယက်ဗ်မြို့ကို ရုရှားကဒရုန်းနဲ့တိုက်ခိုက်ခဲ့တာကြောင့် တိုက်ခန်းတွေမှာနေတဲ့သူတွေလုံခြုံတဲ့နေရာကို အပြေးအလွှားပြောင်းရွှေ့နေကြစဥ်။

မစ်ဆိုင်းဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ ရုရှားက တိုက်ခိုက်ခဲ့တာကြောင့် ယူကရိန်းနိုင်ငံမြို့တော် ကိယက်ဗ်မြို့တော်က အစိုးရရုံးဌာနချုပ်အဆောက်အဦးအပါအဝင် ဒါဇင်နဲ့ချီတဲ့အဆောက်အဦးတွေ မီးလောင်ပျက်စီးခဲ့သလို အနည်းဆုံး လူ ၄ ဦးသေဆုံးပြီး ၁၈ဦး ဒဏ်ရာရရှိခဲ့ပါတယ်။


တနင်္ဂနွေနေ့မနက်အစောပိုင်းမှာ ရုရှားဘက်က ဒရုန်းအစင်း ၈၀၅ အပြင် မစ်ဆိုင်းဒုံးကျည် ၁၃ခုနဲ့ပါပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ယူကရိန်းကအတည်ပြုပြီး အထပ်မြင့်အဆောက်အဦးအချို့ထိမှန်ပြီး မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ ကိယက်ဗ်မြို့တော်ဝန် Vitali Klitschkoက ပြောပါတယ်။


အခုတိုက်ခိုက်ခံရမှုဟာ ရုရှားကယူကရိန်းကို ကျူးကျော်တိုက်ခိုက်ခဲ့တဲ့ကာလအတွင်း အကြီးမားဆုံး လေကြောင်းတိုက်ခိုက်မှုဖြစ်ကြောင်း ယူကရိန်းလေတပ်ပြောရေးဆိုခွင့်ရှိသူက အေပီသတင်းအေဂျင်စီကို အတည်ပြုပါတယ်။


ကိယက်ဗ်မြို့အနောက်ပိုင်းက လူနေ ၉ထပ်အဆောက်အဦးနဲ့ ၁၆ထပ်မြင့် အဆောက်အဦးတစ်ခု ဒရုန်းထိမှန်မှုကြောင့် မီးလောက်ပျက်စီးခဲ့မှုအတွင်းအမျိုးသမီးငယ်တစ်ဦးနဲ့ အသက်မပြည့်သေးတဲ့ငယ်တစ်ဦးသေဆုံးခဲ့ပါတယ်။

ရုရှားဒရုန်းတိုက်ခိုက်မှုကြောင့် ယူကရိန်းအစိုးရဌာနချုပ်အဆောက်အဦးတစ်ခု မီးလောင်နေစဥ်။
ရုရှားဒရုန်းတိုက်ခိုက်မှုကြောင့် ယူကရိန်းအစိုးရဌာနချုပ်အဆောက်အဦးတစ်ခု မီးလောင်နေစဥ်။

လေကြောင်းရန်ကာကွယ်ရေးစနစ်တပ်ဆင်ထားတဲ့ ကိယက်ဗ်မြို့အတွင်း ပေါက်ကွဲသံတွေဆက်တိုက်ကြားခဲ့ရကြောင်း မျက်မြင်သက်သေတွေက ရိုက်တာသတင်းဌာနကိုအတည်ပြုပေးကြပါတယ်။


ခရက်ဒစ်_ Al Jazeera

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page