top of page

ဂြိုလ်တုအခြေပြု ရှာဖွေကယ်ဆယ်ရေးစနစ်အပါအဝင် နားလည်မှုစာချွန်လွှာ ၁၂ခုကို မြန်မာ-ရုရှားလက်မှတ်ထိုး

Writer: BVJ
BVJ
Aug 19
1 min read

ယူဂရင်း/BVJ_သြဂုတ် ၁၉၊ ၂၀၂၆

အာဏာသိမ်းသမ္မတ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရုရှားခရီးစဉ်အတွင်းမှာ ရုရှား-မြန်မာနှစ်နိုင်ငံအကြား နားလည်မှုစာချွန်လွှာ ၁၂ခုကိုသဘောတူလက်မှတ်ရေးထိုးလိုက်ကြပါတယ်။


အခုရုရှားခရီးစဉ်ဟာ အာဏာသိမ်းစစ်ခေါင်းဆောင် သမ္မတအဖြစ်ခံယူပြီးနောက်ပိုင်းသွားတဲ့ခရီးစဉ်ဖြစ်ပြီး မနေ့က သြဂုတ် ၁၈ရက်က ရုရှားနိုင်ငံ၊မော်စကိုမြို့က ကရင်မလင်နန်းတော်မှာ သဘောတူစာချုပ် ၁၂ခုကိုလက်မှတ်ထိုးလဲလှယ်ခဲ့ကြတာဖြစ်ပါတယ်။

သဘောတူလက်မှတ်ထိုးခဲ့တဲ့ ၁၂ခုထဲမှာ လျှပ်စစ်စွမ်းအားကဏ္ဍနဲ့ ရေနံနဲ့သဘာဝဓာတ်ငွေ့ကဏ္ဍတွေအတွက် နားလည်မှုစာချွန်လွှာ၊ ရေဒီယို၊ အီလက်ထရောနစ်လုပ်ငန်းနဲ့ ဒီဂျစ်တယ်နည်းပညာ နယ်ပယ် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ၊ ယှဉ်ပြိုင်မှုအဖွဲ့အစည်းတို့အကြား ပူးပေါင်းဆောင်ရွက်ရေးစာချွန်လွှာ၊ ယဉ်ကျေးမှုနဲ့အနုပညာနယ်ပယ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးနာလည်မှုစာချွန်လွှာ၊ သတင်းအချက်အလက်နဲ့ ဆက်သွယ်ရေးနည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးနားလည်မှုစာချွန်လွှာ၊ ဂြိုလ်တု လမ်းညွှန်မှုစနစ်၊ လူလိုက်ပါမယ့် အာကာသခရီးစဉ်တွေအတွက် ဂြိုလ်တုအခြေပြု ရှာဖွေကယ်ဆယ်ရေးစနစ် COSPAS-SARSAT နဲ့ကမ္ဘာအနီး အာကာသအတွင်း အန္တရာယ်ရှိတဲ့အခြေအနေတွေအတွက် အလိုအလျောက်သတိပေးစနစ်(ASPOS)နယ်ပယ်တွေမှာ ပူးပေါင်းဆောင်ရွက်ရေးနားလည်မှုစာချွန်လွှာ၊ မြန်မာအာကာသအေဂျင်စီနဲ့ Plekhanov Russian University of Economics တို့အကြား နားလည်မှု စာချွန်လွှာ၊ မြန်မာအာကာသအေဂျင်စီနဲ့Bauman Moscow State Technical University တို့အကြား နားလည်မှုစာချွန်လွှာ၊ နှစ်နိုင်ငံအကြား တဖက်သတ်အကျပ်ကိုင်ဆောင်ရွက်မှုတွေရဲ့ဆိုးရွားတဲ့သက်ရောက်မှုတွေကို တုန့်ပြန်ဖြေရှင်းဖို့နည်းလမ်းတွေနဲ့ပတ်သက်တဲ့ကြေညာချက်တို့ပါဝင်ပါတယ်။

အဲ့ဒီခရီးစဉ်အတွင်း ရုရှားသမ္မတပူတင်နဲ့တွေ့ချိန်မှာ မြန်မာဟာ ရုရှားအတွက်ယုံကြည်ရတဲ့မိတ်ဆွေနိုင်ငံဖြစ်တယ်လို့ မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင်ကပြောခဲ့သလို နှစ်နိုင်ငံဆက်ဆံရေးကိုဒီထက်ပိုတိုးမြှင့်ဖို့ကိုလည်း ပြောခဲ့ပါသေးတယ်။

ဒါ့အပြင် မနေ့က ၁၈ရက်မှာပဲ အာဏာသိမ်းစစ်ခေါင်းဆောင်နဲ့ ရုရှားသမ္မတပူတင်တို့ဟာ ပူးတွဲသတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပြီး မြန်မာနဲ့စွမ်းအင်ကိစ္စအပါအဝင် ကျယ်ပြန့်တဲ့ကဏ္ဍပေါင်းစုံမှာဆွေးနွေးမှုတွေလုပ်ဆောင်ခဲ့တယ်လို့ ရုရှားဘက်ကထုတ်ပြန်ခဲ့ပါတယ်။


ဓါတ်ပုံ-အာဏာသိမ်းစစ်ခေါင်း‌ဆောင်နဲ့ရုရှားသမ္မတပူတင်တို့ ၂၀၂၆၊သြဂုတ် ၁၈ရက်က ရုရှားနိုင်ငံ၊မော်စကိုမြို့က ကရင်မလင်နန်းတော်မှာတွေ့ဆုံနေပုံ။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page