top of page

RFAမြန်မာပိုင်း လုံးဝရပ်နားတော့မယ်လို့ ကြေညာ

  • Writer: BVJ
    BVJ
  • 5 days ago
  • 1 min read

BVJ/ယူဂရင်း_ မေ ၉၊ ၂၀၂၅


ထရမ့်အစိုးရမူဝါဒအရ သတင်းလုပ်ငန်းတွေကိုယာယီရပ်နားပြီး အကန့်အသတ်နဲ့သာ ထုတ်လွှင့်နေခဲ့ရတဲ့ လွတ်လပ်သောအာရှအသံ-RFA မြန်မာပိုင်းသတင်းဌာနကို လုံးဝရပ်နားတော့မယ်လို့ ဒီနေ့ မေ ၉ရက်မှာ RFAမြန်မာပိုင်းက ကြေညာပါတယ်။


“ကျနော်တို့ RFAမြန်မာပိုင်းအစီအစဉ်တွေ လုံးဝရပ်နားရပါတော့မယ်။ ပရိတ်သတ်များအားလုံးကို ဝမ်းနည်းစွာနဲ့ပဲ နှုတ်ဆက်စကားဆိုရပါတော့မယ်”လို့ RFA Burmese ဌာနမှူး ကိုကျော်ကျော်အောင်က ပြောပါတယ်။


ထရမ်းအစိုးရရဲ့မူဝါဒကြောင့် ဘဏ္ဍာငွေရပ်ဆိုင်းခံလိုက်ရတဲ့ RFAဟာ အခုနှစ် မတ်လလယ်ကစပြီး အကန့်အသတ်နဲ့သာ သတင်းတွေတင်ဆက်နေရာကနေ အခုလုံးဝရပ်နားတော့မှာဖြစ်ကြောင်း ကြေညာတာပါ။


အမေရိကန် သမ္မတသစ်ထရမ့်တက်လာပြီးနောက်ပိုင်း ကမ္ဘာ့သတင်းမီဒီယာအေဂျင်စီ (USGAM) ရပ်ဆိုင်းခံရတာကြောင့် RFAသတင်းဌာနမှာလုပ်ကိုင်နေတဲ့ ဝန်ထမ်းတွေနဲ့ စာချုပ်ဝန်ထမ်းတွေကို အခုနှစ် မတ်လ ၁၅ရက်ထဲကအနားပေးလိုက်ပြီး ယာယီရပ်နားကာ သတင်း၊ဆောင်းပါးတွေကို အကန့်အသတ်နဲ့ထုတ်လွှင့်နေရာကနေ အခုလုံးဝရပ်နားလိုက်ရတာဖြစ်ပါတယ်။


RFA မြန်မာဌာနဟာ စစ်အာဏာရှင်အဆက်ဆက် သတင်းအမှောင်ချခံရချိန်မှာ မြန်မာပြည်သူတွေအတွက် အားကိုးရာသတင်းဌာနတခုဖြစ်ခဲ့သလို စစ်တပ်ကအာဏာသိမ်းပြီးချိန်ကနေ လက်ရှိအချိန်ထိလည်း စစ်ကောင်စီရဲ့ စစ်ရာဇဝတ်မှုတွေနဲ့ လူ့အခွင့်အရေးချိုး‌ဖောက်မှုတွေအပါအဝင် မြန်မာပြည်ရဲ့ အခြေအနေမှန်တွေကို စဉ်ဆက်မပြတ် တင်ဆက်ပေးနေခဲ့တာဖြစ်ပါတယ်။

Comentários


BVJ Facebook background.jpg
BVJ-Logo-001.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma.[2] The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country,[4] physically or over the Internet.

© 2025 by burmavj media

bottom of page