သက်ငယ်မုဒိမ်းမှုအတွက်ဆန္ဒပြနေတာကို ဘင်္ဂါလားဒေ့ရှ်စစ်တပ်က အကြမ်းဖက်ဖြိုခွင်းမှုကြောင့် ကျောင်းသားလေးဦး သေဆုံး
- BVJ
- 2 days ago
- 1 min read
ထိရောက်စွာအရေးယူပေးဖို့ ရခိုင်နဲ့စစ်တကောင်းကျောင်းသားသမဂ္ဂများ တောင်းဆို
BVJ/ဂျိုး_ စက်တင်ဘာ ၃၀၊ ၂၀၂၅

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းတောင်တန်းဒေသ၊ ခါဂရာချရီခရိုင်၊ဂွီမားရာမြို့မှာ အသက် ၁၂အရွယ် ကလေးတစ်ဦး အဓ္ဓမပြုကျင့်ခံရတာနဲ့ပတ်သက်ပြီး ငြိမ်းချမ်းစွာဆန္ဒပြတောင်းဆိုသူတွေကို သေနတ်ပစ် ခတ်အကြမ်းဖက်ဖြိုခွင်းခဲ့သူတွေကို ထိရောက်စွာအရေးယူပေးဖို့ စစ်တကောင်းကျောင်းသားသမဂ္ဂနဲ့ ရခိုင်ကျောင်းသားသမဂ္ဂတို့ကတောင်းဆိုလိုက်ပါတယ်။
အခု စက်တင်ဘာလ ၂၃ရက်နေ့က စစ်တကောင်းတောင်တန်းဒေသ၊ ခါဂရာချရီမြို့ က ရခိုင်မျိုး စုနွယ်စုဝင် မရမာလူမျိုး အသက်၁၂နှစ်အရွယ် ရှစ်တန်းကျောင်းသူတစ်ဦးကို ဘင်္ဂလားဒေ့ရှ် နိုင်ငံသား သုံးဦးက အဓမ္မအုပ်စုဖွဲ့မုဒိန်းကျင့်ခဲ့တာနဲ့ပတ်သက်ပြီး တရားမျှတမှုရရှိရေး ဆန္ဒပြတောင်းကြတာတွေရှိခဲ့ပါတယ်။
အဲ့ဒီလိုငြိမ်းချမ်းစွာဆန္ဒပြတောင်းဆိုကြတဲ့ ကျောင်းသားလူငယ်တွေနဲ့ပြည်သူတွေကို ဘင်္ဂလားဒေ့ရှ် စစ်တပ်ကပစ်ခတ်ဖြိုခွင်းခဲ့တာကြောင့် အရပ်သားပြည်သူနဲ့ ကျောင်းသားလူငယ် (၄)ဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ (၁၀) ဦးထက်မနည်းရှိခဲ့တယ်လို့လည်း ရခိုင်ပြည်နယ်ကျောင်းသားသမဂ္ဂရဲ့ ထုတ်ပြန်ချက်မှာဖော်ြပထားပါတယ်။
အခုလို စစ်တကောင်းတောင်တန်းနယ်ကျောင်းသားလူငယ်တွေနဲ့ ပြည်သူလူထုအအပေါ် အကြမ်းဖက် နည်းလမ်းတွေနဲ့ ကိုင်တွယ်ဖြေရှင်းခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်စစ်တပ်အရာရှိအဆင့်ဆင့်ကိုနဲ့ သက်ငယ်မုဒိန်းမှု ကျူးလွန်ခဲ့သူတွေကို ပွင့်လင်းမြင်သာမူရှိစွာနဲ့ နိုင်ငံတကာအဖွဲ့စည်းတွေရှေ့မှောက်မှာ အရေးယူပေးဖို့အပါအဝင် အချက် ၁၀ချက်ကိုထုတ်ပြန်တောင်းဆိုလိုက်ကြတာပါ။
တောင်းဆိုချက်တွေထဲမှာ အကြမ်းဖက်မှုကျူးလွန်သူတွေကို ချက်ချင်းဖမ်းဆီးအရေးယူ ပြစ်ဒဏ်ချမှတ်ပေးရန်၊ စစ်တကောင်းတောင်တန်းနယ်မြေက စစ်တပ်ရုပ်သိမ်းရန်၊စစ်တကောင်းတောင်တန်းနယ်မှာ စစ်တပ်စိုးမိုးခြင်း အလိုမရှိ၊ ကျောင်းသား လူငယ်တွေကို ခြိမ်းခြောက်၊ ဖိအားပေးမှုတွေ ပြုလုပ်နေတဲ့အာဏာပိုင်တွေကို ဥပဒေအရအရေးယူးပေးဖို့ အချက်တွေပါဝင်ပါတယ်။

ဒါ့အပြင် စစ်တကောင်းတောင်တန်းဒေသက ဌာနေတိုင်းရင်းသားတွေအနေနဲ့ ရက္ခိုင်လူမျိုးစုဝင်တွေ၊ အခြားမူဆလင်မဟုတ်တဲ့လူမျိုးစုတွေအပြင် အမျိုးသမီးတွေနဲ့ကလေးသူငယ်တွေရဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရမှု၊ ဖိနှိပ်ခံရမှု၊ လူမျိုးရေးခွဲခြားခံရမှု၊ ညစ်ညမ်းအကြမ်းဖက်ခံရမှု၊ မြေယာအဓမ္မသိမ်းခံရမှု၊ စစ်တကောင်းတောင်တန်းနယ်လူမျိုးစုတွေ ယုံကြည်ကိုးကွယ်တဲ့ ဘာသာရေးနဲ့ ဘာသာရေးအဆောက်အဦးတွေကို ဖျက်ဆီးခြိမ်းခြောက်ခံတာတွေအပါအဝင် ဖိနှိပ်မှုများစွာနဲ့ ရင်ဆိုင်နေရတာဖြစ်တယ်လို့လည်း စစ်တကောင်းကျောင်းသားသမဂ္ဂနဲ့ ရခိုင်ကျောင်းသားသမဂ္ဂတို့ရဲ့ ထုတ်ပြန်ချက်မှာဖော်ြပထားပါတယ်။
ဒါပေမယ့်လည်း ဌာနေတိုင်းရင်းသား အမျိုးသမီးတွေနဲ့စစ်တကောင်းတောင်တန်းနယ် ပြည်သူလူထု ဖိနှိပ်ခံရမှု၊ အဓမ္မမုဒိမ်းကျင့်ခံရမှုတွေကြုံတွေ့ခံစားနေရတာကို ဘင်္ဂလားဒေ့ရှ်အစိုးရအဆက်ဆက်ကနေ ဒီနေ့ ယာယီဝန်ကြီးချုပ် ဒေါက်တာ မိုဟာမတ် ယူနွတ်စ်(Dr. Muhammad Yunus) ဦးဆောင်တဲ့အစိုးရအထိ မျက်ကွယ်ပြုထားတယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
Comments