top of page

ရခိုင်မြို့နယ် ၅ ခုကို စစ်တပ်ဗုံးကြဲ၊သေဆုံးထိခိုက်သူများပြား

Writer: BVJ
BVJ
21 hours ago
1 min read

ယူဂရင်း/BVJ_စက်တင်ဘာ ၂၈၊ ၂၀၂၆

ကျောက်တော်မြို့ ကစ္ဆပနဒီတံတားနားနဲ့အိန္ဒိယစျေးဝန်းကျင်ကို ၂၀၂၆၊စက်တင်ဘာ ၂၈ကဗုံးကြဲပြီးနောက်မြင်တွေ့ရပုံ
ကျောက်တော်မြို့ ကစ္ဆပနဒီတံတားနားနဲ့အိန္ဒိယစျေးဝန်းကျင်ကို ၂၀၂၆၊စက်တင်ဘာ ၂၈ကဗုံးကြဲပြီးနောက်မြင်တွေ့ရပုံ

ဒီနေ့ စက်တင်ဘာ ၂၈ရက်၊နေ့လယ် ၁၂နာရီကျော်အချိန်မှာ ရခိုင်ပြည်နယ်၊ကျောက်တော်မြို့ ကစ္ဆပနဒီတံတားနားနဲ့အိန္ဒိယစျေးဝန်းကျင်ကို စစ်တပ်က ဂျက်တိုက်လေယာဉ်တစ်စင်းနဲ့လေကြောင်းဗုံးကြဲခဲ့တာကြောင့် အရပ်သားပြည်သူတွေနဲ့စျေးသည်တွေ သေဆုံးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ အာရက္ခတပ်တော်-AAက သတင်းထုတ်ပြန်လာပါတယ်။

အလားတူပဲ ဒီနေ့ နေ့လယ် ၁၂နာရီ၃၅မိနစ်အချိန်ခန့်မှာလည်း ရခိုင်ပြည်နယ်၊သံတွဲမြို့နယ် ငပလီကို ဂျက်တိုက်လေယာဉ် (၁)စီးနဲ့ဗုံး(၂)လုံးကြဲချတိုက်ခိုက်ခဲ့သလို ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊မင်းပြားမြို့နယ်တွေကိုလည်း လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

ကျောက်တော်မြို့ ကစ္ဆပနဒီတံတားနားနဲ့အိန္ဒိယစျေးဝန်းကျင်ကို ၂၀၂၆၊စက်တင်ဘာ ၂၈ကဗုံးကြဲပြီးနောက်မြင်တွေ့ရပုံ
ကျောက်တော်မြို့ ကစ္ဆပနဒီတံတားနားနဲ့အိန္ဒိယစျေးဝန်းကျင်ကို ၂၀၂၆၊စက်တင်ဘာ ၂၈ကဗုံးကြဲပြီးနောက်မြင်တွေ့ရပုံ

မင်းပြားဒေသခံတစ်ဦးက"ပေါက်တောနဲ့မင်းပြားအစပ်ကိုကြဲချသွားတာ။ လေယာဉ်က ၇နာရီကျော်လောက်ကသွားတာ။ ဗုံးချတာလည်းကြားလိုက်တယ်။ ဒီနေ့က ၁၀တန်းစာမေးပွဲတွေလည်း စစစ်နေတယ်"လို့ Burma VJကိုပြောပါတယ်။

ဒီနေ့မနက်ပိုင်းမှာပဲ စစ်တပ်ကမြို့နယ်ငါးခုကိုဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ကျောက်တော့မြို့နယ်ဗုံးကြဲတိုက်ခိုက်မှုအတွင်းမှာတော့ ထိခိုက်သေဆုံးသူများပြားခဲ့ပါတယ်။

လက်ရှိမှာ အာရက္ခတပ်တော်ဘက်ကတော့ ထိခိုက်သေဆုံးသူအရေအတွက်ကိုအတိအကျထုတ်ပြန်တာမရှိသေးပါဘူး။

Comments

BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page