တလကြာရိက္ခာဖြတ်တောက်ခံရပြီးနောက် တမိုင်းတောင်စခန်းကုန်းက စစ်ကောင်စီတပ်သားတွေ ထွက်ပြေး
- BVJ

- Aug 18
- 1 min read
ယူဂရင်း/BVJ_ သြဂုတ် ၁၈၊ ၂၀၂၅

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ တမိုင်းတောင်စခန်းကုန်းက စစ်ကောင်စီတပ်သားအားလုံးဟာ မနေ့က သြဂုတ် ၁၇ရက်မှာ စခန်းစွန့်ခွာထွက်ပြေးသွားကြတယ်လို့ KNU က ဒီနေ့မနက်မှာ အသိပေးထုတ်ပြန်ပါတယ်။
တမိုင်းတောင်စခန်းကုန်းဟာ စစ်ကောင်စီရဲ့ ခလရ(၂၈၅) တပ်ရင်းတပ်စွဲထားတာဖြစ်ပြီး ကရင်အမျိုးသားကာကွယ်ရေးတပ် K.N.D.O တပ်ရင်း(၇) တပ်ခွဲ(၅)နဲ့ ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော် K.N.L.A အထူးတပ်ဖွဲ့ တို့က တလအတွင်း ရိက္ခာဖြတ်တောက်ပိတ်ဆို့မှုတွေပြုလုပ်ခဲ့တာကြောင့် စခန်းကနေဆုတ်ခွာထွက်ပြေးသွားခဲ့တာလို့ ဖော်ပြပါတယ်။
လက်ရှိမှာ စစ်ကောင်စီတပ်သားတွေစွန့်ခွာသွားတဲ့စခန်းကုန်းကို K.N.D.O တပ်ရင်း(၇)၊ တပ်ခွဲ(၅)နဲ့ K.N.L.Aအထူးတပ်ဖွဲ့တို့က နယ်မြေရှင်းလင်းမှုတွေလုပ်ဆောင်ပြီး ပြန်လည်ထိန်းချုပ်ထားတယ်လို့ သိရပါတယ်။







Comments