top of page

တအာင်းပြည်ကာကွယ်ရေးအတွက် PSLF/TNLAစစ်ဦးစီးချုပ်မှာနေ

  • Writer: BVJ
    BVJ
  • 11 minutes ago
  • 1 min read

မိုနာ/BVJ_ဇန်နဝါရီ ၁၃၊ ၂၀၂၆

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး- PSLF/TNLA အလုပ်သင် ဗိုလ်သင်တန်း အပတ်စဉ်(၅)သင်တန်းဆင်းပွဲကို တအာင်းပြည်တနေရာမှာ အခုလ ဇန်နဝါရီ ၁၁ရက်မှာကျင်းပခဲ့ပြီး အဲ့ဒီအခမ်းအနားမှာ တအာင်းပြည်ကာကွယ်ရေးနဲ့ပြည်သူတွေအန္တရာယ်မကျရောက်‌ရေးအတွက် ကာကွယ်ရေးလုပ်ငန်းတွေကိုအရင်ထက်ပိုလုပ်ရမယ်လို့ PSLF/TNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ် တားဟိုပ္လါင်က ပြောခဲ့ပါတယ်။


“ရန်သူကို တအာင်းမြေကနေတိုက်ထုတ်နိုင်ခဲ့ပြီး တအာင်းပြည်ရဲ့ အုပ်ချုပ်ရေးယန္တရားတွေကို တာဝန်ယူရတော့မယ့်အချိန်ဖြစ်ကြောင်း တရားဥပဒေစိုးမိုးရေး၊ တရားစီရင်ရေးလုပ်ငန်းတွေ၊ ကာကွယ်ရေးလုပ်ငန်းတွေကို အရင်ကထက်ပိုမိုလုပ်ဆောင်ကြရမှာဖြစ်သလို မိဘပြည်သူတွေအန္တရာယ်အတွင်း မကျရောက်ဖို့အတွက် မိမိတို့အဖွဲ့အစည်းမှာတာဝန်ရှိကြောင်းတွေကို PSLF/TNLA စစ်ဦးစီးချုပ်ကမိန့်ခွန်းပြောခဲ့တာပါ။


ဒါ့အပြင် ပြည်သူတွေကူညီထောက်ပံ့မှုတွေကြောင့်လည်း တိုက်ပွဲတွေအောင်၊ နယ်မြေတွေပြန်လည်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး ရည်မှန်းချက်တွေရာနှုန်းပြည့်အောင်မြင်ဖို့ ပြည်သူတွေနဲ့ရဲဘော်တွေအင်အားနဲ့ ဆက်လက်ချီတက်ရမယ်လို့လည်း ပြောပါတယ်။

PSLF/TNLA ဒုဥက္ကဌ(၂)ဗိုလ်ချုပ် တားခူရ်လာင်ကလည်း ပြည်သူတွေရှိလို့စစ်တပ်ရှိတာဖြစ်ပြီး ပြည်သူတွေကိုကာကွယ်စောင့်ရှောက်ဖို့ဆိုပြီး အရာရှိလောင်းတွေကိုမှာနေပါတယ်။


အခုအပါတ်စဉ်(၅)သင်တန်းဟာ သင်တန်းကာလ ၁၃လကြာခဲ့ပြီး သင်တန်းသား ၁၄၀ရှိတဲ့ထဲက ၁၂၂ယောက်အောင်မြင်ခဲ့တာဖြစ်ကြောင်းနဲ့ အရင်ကအလုပ်သင်ဗိုလ်သင်တန်းဆင်းခဲ့တဲ့ စစ်သည်တော်တွေဟာ ၁၀၂၇စစ်ဆင်ရေးမြို့သိမ်းကာလတွေအတွင်းမှာ ပါဝင်တိုက်ခိုက်ခဲ့ကြတယ်လို့ TNLAက ထုတ်ပြန်ထားပါတယ်။


ဓါတ်ပုံ- PSLF/TNLA အလုပ်သင် ဗိုလ်သင်တန်း အပတ်စဉ်(၅)သင်တန်းဆင်းပွဲကျင်းပနေပုံ

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page