top of page

စစ်ပညာနဲ့လက်နက်ခဲယမ်းအကူအညီယူခဲ့ပေမယ့် AAကွပ်ကဲမှုအောက်က လှုပ်ရှားနေတဲ့အဖွဲ့ မဟုတ်ဘူးလို့ PRFထုတ်ပြန်

  • Writer: BVJ
    BVJ
  • Jul 25, 2025
  • 1 min read

BVJ/ ဂျိုး_ ဇူလိုင် ၂၄၊ ၂၀၂၅

မြောက်ပိုင်းညီနောင်သုံးဖွဲ့ဖြစ်တဲ့ AA ၊ TNLA ၊ MNDAAတို့ဆီက စစ်ပညာနဲ့ လက်နက်ခဲယမ်းတွေ အကူအညီယူခဲ့ပေမယ့် AAရဲ့ CoCအတိုင်း လည်ပတ်နေရာမျိုးမရှိဘဲ တပ်ဦးရဲ့ နိုင်ငံရေး / စစ်ရေးလမ်းစဥ်အတိုင်းသာလှုပ်ရှားနေတာဖြစ်တယ်လို့ ပြည်သူ့တော်လှန်ရေးတပ်ဦး-PRFက မနေ့က ထုတ်ပြန်ပါတယ်။


စစ်တပ်အာဏာသိမ်းပြီးနောက် ပေါ် ပေါက်လာကြတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေထဲက အနည်းဆုံး ၂၃ဖွဲ့ဟာ AAရဲ့ လက်နက်ရိက္ခာနဲ့ စစ်သင်တန်းထောက်ပံ့မှုတွေရရှိနေကြပြီး အဲ့ဒီထဲမှာ PRFလည်းပါဝင်တယ်လို့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေးအင်စတီကျူ-ISP Myanmar က အခုလ ၉ ရက်နေ့ထုတ် စာတမ်းမှာဖော်ပြထားတဲ့အပေါ် PRF ကရှင်းလင်းတာပါ။

PRFဟာ စတင်ဖွဲ့စည်းတည်ထောင်ခဲ့တဲ့ ၂၀၂၁ခုနှစ်နောက် ပိုင်း မြောက်ပိုင်းညီနောင်သုံးဖွဲ့ကို စစ်ပညာနဲ့လက်နက်ခဲယမ်းထောက်ပံ့ဖို့ အကူအညီတောင်းခဲ့ဖူးတာကြောင့်ကူညီထောက်ပံ့ခဲ့ကြသလို KNUကလည်း စစ်ပညာသင်ပေး၊ ကူညီပေးတယ်လို့ PRFက ဖော်ပြပါတယ်။


“ယနေ့အချိန်အထိ ကျနော်တို့ဟာ ကျနော်တို့ တပ်ဦးရဲ့ နိုင်ငံရေး / စစ်ရေးလမ်းစဥ်အတိုင်းသာ လှုပ်ရှားလျက်ရှိပါတယ်။ ISP - Myanmar စွပ်စွဲသလို အာရက္ခတပ်တော် AA ရဲ့ COC အတိုင်း လည်ပတ်နေရတာမျိုးမရှိသလို အာရက္ခတပ်တော် AA ရဲ့ gatekeeperလည်း မဟုတ်ပါ။ 3 BHA(AA ၊ TNLA ၊ MNDAA) ဘက်ကလည်း ကျနော်တို့တပ်ဦးကို ကူညီရာမှာ ရှေ့ကာလက သူတို့ဒေသကပြည်သူတွေအပေါ် စာနာမှုရှိတာတွေ ၊ အတူရပ်တည်ပေးတာတွေအတွက် ကျနော်တို့မဖြစ်မနေလိုအပ်တဲ့ စစ်ပညာနှင့်လက်နက်ခဲယမ်းအချို့ကိုသာ နှောင်ကြိုးမဲ့အကူအညီအဖြစ် ပေးအပ်တာမျိုးပါ။ သူတို့ ခြံစည်းရိုးအဖြစ်နေဖို့ ၊ ခြံစောင့်အဖြစ်နေဖို့ ၊ သူတို့ COC အောက်ကနေ လည်ပတ်ဖို့ဆိုတာတွေ ဘာတခုမှတောင်းဆိုခြင်းမရှိပါ။ ပြည်သူ့တော်လှန်ရေးတပ်ဦးဟာ မိမိကိုယ်ပိုင်စစ်ရေး/နိုင်ငံရေး လမ်းစဥ် ၊ လှုပ်ရှားစစ်ဒေသအသီးသီးနဲ့ ယနေ့အချိန်အထိ လှုပ်ရှားနေပါတယ်” လို့ PRFရဲ့ ရပ်တည်ချက်ကို ထုတ်ပြောလာတာပါ။

ISPက YDF, PDF Zoland, BA, CNDF, AYA POF, KNDF, MDF, BLDF, PIO/PIA, GZA, PRA, SF/SAF, ACDF, PLF, PRF, CDF-Asho၊ BPLA, DRPA, CDF-Kanpetlet, BNRA, YA, CDF-Matupi, CDF-Mindat, စတဲ့ တော်လှန်ရေးလက်နက်ကိုင် ၂၃ဖွဲ့ဟာ AAဆီကနေ စစ်ရေးအရင်းအမြစ်တွေကို တစိတ်တပိုင်း(သို့မဟုတ်) အပြည့် အဝထောက်ပံ့ထားတဲ့မဟာမိတ်တွေဖြစ်ပြီး အဲ့ဒီထဲက PRF အပါအဝင် ၈ဖွဲ့ဟာ AAရဲ့စစ်ရေးကွပ်ကဲမှုစနစ်အတွင်း ပူးပေါင်းစစ်ရေးဖော်ဆောင်နေတယ်လို့ ဖော်ပြထားတာပါ။


AAရဲ့ စစ်ရေးကွပ်ကဲမှုစနစ်နဲ့ချိတ်ဆက်ထားတယ်ဆိုခြင်းဟာ AAရဲ့အမိန့်ပေးကွပ်ကဲမှုနဲ့အတူ စစ်ရေးဖော်ဆောင်ပြီး စစ်ရေးအတွေ့အကြုံနဲ့အထောက်အပံ့တွေကို တစိတ်တပိုင်း(သို့မဟုတ်) အပြည့်အဝ ရနေတာရယူနေတာကို ဆိုလိုတယ်လို့လည်း ISPက ပြောထားပါတယ်။


PRFကတော့ တော်လှန်ရေးအဖွဲ့အစည်းအချင်းချင်း ပူးပေါင်းဆောင်ရွက်တာ၊စစ်ရေးပူးတွဲ စစ်ဆင်ရေး လုပ်တာတွေဟာ တော်လှန်ရေးတလျှောက်လုံးရှိနေမှာဖြစ်သလို ဒီလိုပူးပေါင်းဆောင်ရွက်မှုမှာလည်း အရည်အချင်းပိုရှိတဲ့၊ အတွေ့အကြုံပိုရှိတဲ့အဖွဲ့အစည်းကဦးဆောင်မှုကို ဆန့်ကျင်ခြင်းမရှိကြောင်းနဲ့ အားပေးထောက်ခံကြောင်းကိုလည်း ဖော်ပြထားပါတယ်။

PRFဟာ မြေလတ်ဒေသအခြေစိုက် လက်နက်ကိုင်တော် လှန်ရေးအဖွဲ့အစည်းဖြစ်သလို လက်ရှိမှာဒေသတွင်းမဟာ မိတ်တပ်ဖွဲ့တွေနဲ့အတူ စစ်ရေးလှုပ်ရှားနေတဲ့အဖွဲ့ဖြစ်ပါတယ်။


ဓာတ်ပုံ- ပြည်သူ့တော်လှန်ရေးတပ်ဦး (PRF)


Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page