စစ်မှုထမ်းသင်တန်းဆင်းထားသူတွေ နတ်ရေကန်တိုက်ပွဲကနေထွက်ပြေးလာ
- BVJ

- Oct 3
- 1 min read
Updated: Oct 5
BVJ/ဂျိုး_အောက်တိုဘာ ၃၊ ၂၀၂၅
<script async src="https://pagead2.googlesyndication.com/pagead/js/adsbygoogle.js?client=ca-pub-9796128014248343"
crossorigin="anonymous"></script>

စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော်-AAတို့ကြား တိုက်ပွဲပြင်းထန်နေတဲ့ မကွေးတိုင်း၊ ငဖဲမြို့နယ်၊ နတ်ရေကန်တိုက်ပွဲကနေထွက်ပြေးလာကြတဲ့ တပ်မ (၉၉) နဲ့ စကခ (၁၇)ကထွက်ပြေးလာကြတဲ့ စစ်ကောင်စီတပ်သား ၂၇ ဦးကို အရှင်ဖမ်းမိခဲ့တယ်လို့ လူထုတော်လှန်ရေးမဟာမိတ်အင်အားစု PRA-Magway တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အဓမ္မစစ်မှုထမ်းဖို့ပေါ်တာဆွဲခံရသူတွေဖြစ်ပြီး စစ်မှုထမ်းအပတ်စဉ် (၇) ကနေ အပတ်စဉ် (၁၃)ထိ သင်တန်းဆင်းထားတဲ့ တပ်သားဖြစ်တယ်လို့ လည်းသိရပါတယ်။
လက်ရှိဖမ်းမိထားတဲ့ စစ်ကောင်စီတပ်သားစစ်သုံ့ပန်းတွေကိုတော့ နိုင်ငံတကာစစ်သုံ့ပန်းဥပဒေ၊ စည်းမျဉ်းတွေနဲ့အညီကောင်းမွန်စွာထိန်းသိမ်းထားကြောင်းလည်း PRA-Magwayက ဖော်ပြထားပါတယ်။
PRA-Magwayအနေနဲ့ ငဖဲမြို့နယ်၊ အမ်း-ပဒါန်းလမ်းတလျောက်နဲ့ ပုသိမ် – မုံရွာလမ်းတွေမှာ မဟာမိတ်တွေနဲ့ပူးပေါင်းပြီး စစ်ကောင်စီကိုတိုက်ခိုက်နေတာဖြစ်ပါတယ်။
ပုံစာ- ဖမ်းဆီးခံထားရတဲ့ စစ်ကောင်စီတပ်သားများအားတွေ့ရစဉ်(ဓာတ်ပုံ-PRA-Magway)







Comments