top of page

မြစ်ကြီးနားက ပီပီပီပါတီကိုယ်စားလှယ်လောင်းနေအိမ် ခဲနဲ့ပေါက်ခံရ

  • Writer: BVJ
    BVJ
  • Nov 17
  • 1 min read

ယူဂရင်း/BVJ_ နိုဝင်ဘာ ၁၇၊ ၂၀၂၅

ဓါတ်ပုံ-PPP
ဓါတ်ပုံ-PPP

စစ်အုပ်စု‌ရွေးကောက်ပွဲကိုဝင်ပြိုင်မယ့် ပြည်သူ့ရှေ့ဆောင်ပါတီ-PPPက မြစ်ကြီးနားလွှတ်တော်ကိုယ်စားလှယ်လောင်းရဲ့နေအိမ် ခဲနဲ့ပေါက်ခံခဲ့ရတယ်လို့ ပါတီဥက္ကဌ ဒေါ်သက်သက်ခိုင်က ပြောပါတယ်။

 

ဆိုင်ကယ်နဲ့လာပြီး ကိုယ်စားလှယ်လောင်းရဲ့နေအိမ်ကိုခဲနဲ့ပစ်ပေါက်သွားတာကြောင့် ရဲကိုအချိန်မီတိုင်ကြားခဲ့ပေမယ့် ကားနဲ့ဖြစ်နေတဲ့အတွက်ဆိုင်ကယ်ကိုလိုက်လို့မမိခဲ့ဘူးလို့လည်း ဒေါ်သက်သက်ခိုင်က ပြောပါတယ်။

 

“ကျမတို့ပါတီက ကိုယ်စားလှယ်လောင်းတစ်ယောက်အိမ်ကို မြစ်ကြီးနားမှာသူ့အိမ်ကိုခဲနဲ့လာပေါက်တယ်တဲ့။ ရွေးကောက်ပွဲတားဆီးနှောက်ယှက်ဖျက်ဆီးစေခြင်းမှ ကာကွယ်ခြင်းဥပဒေအရ ရဲကိုဖုန်းဆက်ခေါ်လိုက်တော့ ရွေးကောက်ပွဲလုံခြုံရေးနဲ့ တာဝန်ရှိတဲ့ရဲတပ်ဖွဲ့ကရောက်လာတယ်။ ဒါပေမယ့်ခဲနဲ့ပေါက်တဲ့အချိန်မှာ ဆိုင်ကယ်နဲ့လမ်းကြားကိုပြေးသွားတဲ့အချိန်မှာ ရဲကကားနဲ့လာတဲ့အတွက် ကားနဲ့လိုက်လို့မရဘူးပေါ့နော်”လို့ ဒေါ်သက်သက်ခိုင်က မနေ့က နိုဝင်ဘာ၁၆ရက်နေ့ liveမှာ ပြောခဲ့ပါတယ်။

 

ဒေါ်သက်သက်ခိုင်ဦးဆောင်တဲ့ ပီပီပီပါတီဟာ စစ်အုပ်စုရဲ့‌ရွေးကောက်ပွဲမှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ ကိုယ်စားလှယ်လောင်း ‌ခြောက်ရာကျော်ဝင်ပြိုင်မှာဖြစ်ပြီး ပါတီဥက္ကဌဒေါ်သက်သက်ခိုင်ကတော့ ရွေးကောက်ပွဲဥပဒေပါပုဒ်မနဲ့ငြိစွန်းလို့ဆိုပြီး ရွေးကောက်ပွဲကော်မရှင်-UECကကြေညာတဲ့ အတည်ပြုကိုယ်စားလှယ်လောင်းစာရင်းထဲမပါဝင်ခဲ့ပါဘူး။

 

ဒါ့အပြင် အဲ့ဒီအတွက် ဒေါ်သက်သက်ခိုင်ကအယူခံထပ်ဝင်ခဲ့ပေမယ့်လည်း အဲ့ဒီအယူခံကို UECကထပ်မံပယ်ချခဲ့တာကြောင့် စစ်အုပ်စုရွေးကောက်ပွဲမှာကိုယ်စားလှယ်လောင်းအဖြစ် ပါဝင်နိုင်ခွင့်မရှိတော့ပါဘူး။

 

 

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page