ပုဏ္ဏားကျွန်းဗုံးကြဲခံရမှု သေဆုံးသူ ၁၈ ဦးအထိရှိလာ
- BVJ

- Feb 25
- 1 min read
ယူဂရင်း/BVJ_ဖေဖော်ဝါရီ ၂၅၊ ၂၀၂၆

ရခိုင်ပြည်နယ်၊ပုဏ္ဏားကျွန်းမြို့နယ်အတွင်းက ယိုးငူကျေးရွာကို စစ်အုပ်စုကမနေ့က ဖေဖော်ဝါရီ ၂၄ရက် နေ့ခင်းပိုင်းမှာ လေကြောင်းဗုံးကြဲမှုအတွင်းမှာ သေဆုံးသူ၁၈ဦးထိရှိလာပြီလို့ ဒေသတွင်းကူညီကယ်ဆယ်ရေးတွေလုပ်ဆောင်ပေးနေတဲ့ ပုဏ္ဏားကျွန်းလူငယ်များအစည်းအရုံး- PYA အချက်အလက်အရ သိရပါတယ်။
ဒီနေ့ နေ့လယ်အထိကိုသေဆုံးသူဟာ အသက်(၇)နှစ်ကလေးအပါအဝင် အမျိုးသမီး(၁၆)ဦးနဲ့အမျိုးသား (၂)ဦးတို့ဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူလည်း (၁၆)ဦးရှိတယ်လို့ ပုဏ္ဏားကျွန်းလူငယ်များအစည်းအရုံးက ဖော်ပြလာတာပါ။သေဆုံးသူတွေဟာ အသက်(၇)နှစ်ကနေ (၇၀)အတွင်းပါဝင်ပြီး အများစုက သတ်လတ်ပိုင်းတွေဖြစ်ကြပါတယ်။

စစ်အုပ်စုရဲ့ အဲ့ဒီလေကြောင်းဗုံးကြဲမှုကြောင် နေအိမ်လေးလုံးလည်းမီးလောင်ပျက်ဆီးခဲ့သလို အိမ် ၁၀လုံးခန့်လည်း ထိခိုက်ခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာ ဒါဏ်ရာရလူနာတွေကိုဆေးကုသမှုခံယူဖို့ ပုဏ္ဏားကျွန်းလူငယ်များအစည်းအရုံးက အရေးပေါ်လူနာတင်ကားနဲ့ကူညီပို့ဆောင်ပေးနေသလို သေဆုံးသူတွေ သင်္ဂြိုလ်ဖို့လည်းကူညီပေးနေတယ်လို့ ပြောထားပါတယ်။

စစ်အုပ်စုအနေနဲ့ စစ်ရေးပစ်မှတ်မဟုတ်တဲ့အရပ်သားပြည်သူတွေကို ရက်စက်စွာဗုံးကြဲသတ်ဖြတ်မှုကို ကန့်ကွက်ရှုတ်ချကြောင်းလည်း ပုဏ္ဏားကျွန်းလူငယ်များအစည်းအရုံးကပြောထားပါတယ်။
ပုံစာ-ပုဏ္ဏားကျွန်း၊ယိုးငူကျေးရွာဗုံးကြဲခံရပြီးနောက် မြင်တွေ့ရပုံ(ဓါတ်ပုံ-PYA)




Comments