top of page

ပုဏ္ဏားကျွန်းကို စစ်အုပ်စုဗုံးထပ်ကြဲ ၄ ဦးသေဆုံး ၁၀ ဦးဒဏ်ရာရ

  • Writer: BVJ
    BVJ
  • Oct 31
  • 1 min read

BVJ/ဂျိုး_အောက်တိုဘာ ၃၁၊ ၂၀၂၅

ပုဏ္ဏားကျွန်းကို ဒီနေ့မနက် ၁၁နာရီခန့်ကဗုံးကြဲခံရပြီးနောက် ထိခိုက်ဒဏ်ရာရသွားသူများ(ဓါတ်ပုံ-ဒေသခံ)
ပုဏ္ဏားကျွန်းကို ဒီနေ့မနက် ၁၁နာရီခန့်ကဗုံးကြဲခံရပြီးနောက် ထိခိုက်ဒဏ်ရာရသွားသူများ(ဓါတ်ပုံ-ဒေသခံ)

အာရက္ခတပ်တော် AA ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်၊ပုဏ္ဏားကျွန်းမြို့ပေါ်နဲ့ပန်းနီလာကျေးရွာကို ဒီနေ့ မွန်းလွဲပိုင်း ၁၁နာရီကျော်လောက်မှာ အာဏာသိမ်းစစ်အုပ်စုကလေကြောင်းဗုံးကြဲခဲ့တာကြောင့် အရပ်သားထိခိုက်သေဆုံးတာတွေရှိတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။


“ဒီကနေ့မနက်ပိုင်း ၁၁နာရီကျော်လောက်က ဗုံးကြဲသွားတာ ပုဏ္ဏားကျွန်းမြို့ပေါ် ၅၅၀တပ်နားကို နှစ်ကြိမ်ကြဲတယ်၊ ပန်းနီလာကျေးရွာကို နှစ်ကြိမ်ကြဲသွားတာ။ လေးယောက်သေသွားတယ်။ ဆယ်လောက်ဒဏ်ရာရသွားတယ်”ပြောပါတယ်။

ပုဏ္ဏားကျွန်းကို ဒီနေ့မနက် ၁၁နာရီခန့်ကဗုံးကြဲခံရပြီးနောက် ထိခိုက်ဒဏ်ရာရသွားသူများ(ဓါတ်ပုံ-ဒေသခံ)
ပုဏ္ဏားကျွန်းကို ဒီနေ့မနက် ၁၁နာရီခန့်ကဗုံးကြဲခံရပြီးနောက် ထိခိုက်ဒဏ်ရာရသွားသူများ(ဓါတ်ပုံ-ဒေသခံ)

လက်ရှိဗုံးကြဲခံရတဲ့ ပုဏ္ဏားကျွန်းမြို့နယ် ပန်းနီလာကျေးရွာမှာ စစ်ဘေးဒုက္ခသည်တွေလည်း အများအပြားရှိနေတာပါ။ စစ်ကောင်စီအနေနဲ့ အရပ်သားတွေကို ဦးတည်တိုက်ခိုက်လာတာကြောင့် ရခိုင်ဒေသခံတွေအနေနဲ့ စိုးရိမ်နေကြတာလည်းဖြစ်ပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page