ပုဏ္ဏားကျွန်းမြို့နယ်ထဲက စစ်ဘေးရှောင်စခန်းတစ်ခုဗုံးကြဲတိုက်ခိုက်ခံရ၊ ၆ ဦးသေဆုံး ၁၀ ဦးကျော်ဒဏ်ရာရ

သူရ/BVJ_ အောက်တိုဘာ ၄၊ ၂၀၂၆

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် ကံသာယာစစ်ရှောင်စခန်းကို စစ်အုပ်စုက လေကြောင်းကနေဗုံးကြဲတိုက်ခိုက်တဲ့အတွက် စစ်ဘေးရှောင် ၆ ဦးသေဆုံးပြီး၊ ၁၀ ဦးကျော်ဒဏ်ရာရရှိထားကြောင်းကနဦးသတင်းရရှိပါတယ်။
အာဏာသိမ်းစစ်အုပ်စုက ဒီနေ့ အောက်တိုဘာ ၄ရက် ညနေ၅နာရီခန့်မှာ ဂျက်ဖိုက်တာနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ကံသာယာစစ်ရှောင်စခန်းကားဝပ်ရှော့အနီးမှာ ကျရောက်ပေါက်ကွဲခဲ့တယ်လို့သိရပါတယ်။
ဒီဗုံးကြဲခံရမှုကို စာရေးဆရာဝေဟင်အောင်ကလည်း သူ့ရဲ့ဖေ့စ်ဘုခ်စာမျက်နှာကတဆင့်အတည်ပြုပေးထားပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ၂ရက်နေ့ကလည်း ရသ့တောင်မြို့နယ်ဗုံးကြဲခံရပြီး အရပ်သား ၂ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရရှိခဲ့ပါတယ်။

စစ်အုပ်စုက ရခိုင်ပြည်နယ်အတွင်းက အရပ်သားပစ်မှတ်တွေကို ဆက်တိုက်ဗုံးကြဲတိုက်ခိုက်မှုတွေပြုလုပ်နေပြီး ပြီးခဲ့တဲ့ရက်ပိုင်းကတင် ကျောက်တော်မြို့နယ် အိန္ဒိယစျေးကို ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သား ၅၀ သေဆုံးခဲ့ပြီး ၆၀ခန့်ဒဏ်ရာရရှိခဲ့ပါတယ်။




Comments