top of page

အမေရိကန်နိုင်ငံသား ဆရာတော်နတ်ဇော ထောင်ဒဏ်၁၁နှစ် ထပ်ချခံရ

  • Writer: BVJ
    BVJ
  • Aug 1
  • 1 min read

အေတီ/BVJ_ဇူလိုင် ၃၁၊ ၂၀၂၅

ree

ရွှေဝါရောင်ဆရာတော် နတ်ဇောလို့လူသိများတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း အမေရိကန်နိုင်ငံသား ဆရာတော်ဦးပညာဇောတကို စစ်ကောင်စီက အင်းစိန်မြို့နယ်တရားရုံးမှာ ဒီနေ့ ၅၀(ည)ပုဒ်မနဲ့ ထောင်ဒဏ်၁၁နှစ်ချမှတ်လိုက်ပါတယ်။


ပြီးခဲ့တဲ့ နှစ်လက ၅၀၅(က)နဲ့၃နှစ်၊ လဝကအမှုနဲ့၁နှစ် အမိန့်ချခံထားရပြီးဖြစ်တဲ့အတွက် ဆရာတော် ဦးပညာဇောတဟာ စုစုပေါင်း ထောင်ဒဏ်၁၅နှစ်ကျခံရမှာဖြစ်ပါတယ်။


ဆရာတော် ဦးပညာဇောတကို ထောင်ထပ်ချစရာအမှုမကျန်တော့ဘူးလို့ ဆရာတော်နဲ့နီးစပ်တဲ့ သံဃာတစ်ပါးက BVJ ကို အတည်ပြုပါတယ်။


အမေရိကန်နိုင်ငံသား နိုင်ငံရေးအကျဥ်းသားဟောင်း ဦးပညာဇောတကို စစ်ကောင်စီက ၂၀၂၄ခုနှစ် နိုဝင်ဘာ၁၃ရက်နေ့က ဖမ်းဆီးခဲ့ပြီး တစ်နှစ်နီးပါး အကြာမှာ အခုလိုထောင်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။


ဦးပညာဇောတဟာ ၁၉၉၀ခုနှစ် ပတ္တနိက္ကုဇန သပိတ်ကံဆောင်မှုပါဝင်ပြီး ထောင်ချခံရတဲ့ နိုင်ငံရေး အကျဉ်းသားတစ်ဦးဖြစ်ပါတယ်။


ထောင်ကလွတ်ပြီး ၂၀၀၇ ရွှေဝါရောင်သံဃာ့လှုပ်ရှားမှုမှာဦးဆောင်ပါဝင်ခဲ့တဲ့အတွက် ပြည်ပကို တိမ်းရှောင်လာခဲ့ပြီးနောက် အမေရိကန်ပြည်ထောင်စုမှာ ပြောင်းရွှေ့အခြေချနေထိုင်ခဲ့ပါတယ်။


Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page