မဲမသမာမှုရှိရင်ပါတီဖျက်သိမ်းဖို့ စစ်ကောင်စီပြင်ဆင်
- BVJ

- Jul 29
- 1 min read
မိုနာ/BVJ_ ဇူလိုင် ၂၉၊ ၂၀၂၅

ရွေးကောက်ပွဲမှာမဲမသမာမှုနဲ့တရားမဲ့ပြုကျင့်မှုတွေကို ကျူးလွန်ကြောင်း ကော်မရှင်ကစစ်ဆေးတွေ့ရှိရင် နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည်ပိုင်ခွင့်မရှိစေရဆိုတဲ့ အချက်ကို နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်တဲ့ဥပဒေမှာ စစ်ကောင်စီက ဖြည့်စွက်ပြဌာန်းလိုက်ပါတယ်။
နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၁၂ ပုဒ်မခွဲ(က) ပုဒ်မခွဲငယ်(၁၀)ရဲ့ နောက်မှာ ပုဒ်မခွဲငယ် (၁၁)အဖြစ် ဖြည့်စွက်လိုက်ကြောင်း စစ်ကောင်စီက မနေ့က ဇန်နဝါရီ ၂၈ရက် ရက်စွဲနဲ့ထုတ်ပြန်ပါတယ်။
ဒါဟာ စစ်ကောင်စီကကျင်းပဖို့ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲနီးလာချိန်မှာ ပြင်ဆင်ဖြည့်စွက်မှုတွေ လုပ်လာတာလည်းဖြစ်ပါတယ်။
စစ်ကောင်စီဟာဒီနှစ်ကုန်ပိုင်းမှာ ရွေးကောက်ပွဲကြီးလုပ်မယ်လို့ပြောထားပြီး အဲ့ဒီရွေးကောက်ပွဲမှာ ဝင်ပြိုင်မယ့် ပါတီတွေဟာ ၅၀ကျော်ရှိကြောင်း စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ စာရင်းအရသိရပါတယ်။
၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မဲအများဆုံးနဲ့အပြတ်အသတ်အနိုင်ရရှိခဲ့တဲ့ NLDပါတီဟာ မဲမသမာမှုပြုလုပ်တယ်ဆိုပြီးစစ်တပ်ကအာဏာသိမ်းကာ ငါးနှစ်အကြာမှာ ရွေးကောက်ပွဲလုပ်ဖို့ပြင်ဆင်နေတာဖြစ်ပါတယ်။







Comments