top of page

ပိုလန်နိုင်ငံထဲ ရုရှားဒရုန်းတွေဝင်လာတဲ့ကိစ္စကနေ ယူကရိန်းစစ်ပွဲထဲ နေတိုးအဖွဲ့ဝင်ပါလာနိုင်မလား

  • Writer: BVJ
    BVJ
  • Sep 11
  • 1 min read

အေတီ/BVJ_ စက်တင်ဘာ ၁၁၊ ၂၀၂၅

ree

အင်္ဂါနေ့ညအစောပိုင်းနဲ့ ဗုဒ္ဓဟူးနေ့မနက်အစောပိုင်းက ပိုလန်နိုင်ငံလေပိုင်နက်ထဲကျူးကျော်ဝင်ရောက်လာတဲ့ ရုရှားဒရုန်းတွေကို ပိုလန်နဲ့နေတိုးတပ်ဖွဲ့တွေကပစ်ချခဲ့ပါတယ်။

ပိုလန်နိုင်ငံပိုင်နက်ထဲ ရုရှားဒရုန်း ၁၉ စင်းဝင်လာတယ်လို့ ပိုလန်ဝန်ကြီးချုပ် ဒေါ်နယ်တက်စ်က အတည်ပြုထားပါတယ်။


ရုရှားကယူကရိန်းကို ၂၀၂၂ ခုနှစ်မှာအပြည့်အဝ ကျူးကျော်တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း နေတိုးအဖွဲ့ဝင်နိုင်ငံတနိုင်ရဲ့ပိုင်နက်ထဲ ရုရှားဒရုန်းတွေပထမဆုံးအကြိမ်ဝင်ရောက်လာတာဖြစ်ပါတယ်။ ပိုလန်ထဲဝင်ရောက်လာတဲ့ဒရုန်းတွေဟာ ယူကရိန်းကိုရုရှားက တစ်ညထဲ ဒရုန်း ၄၁၅စင်းနဲ့ ထိုးစစ်ဆင်ခဲ့တဲ့ လတ်တလော အကြီးစားလေကြောင်းတိုက်ခိုက်မှုရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။


ရုရှားဒရုန်းတွေ ပိုလန်နိုင်ငံလေပိုင်နက်ထဲ ဝင်လာတာကြောင့် နောက်ဆက်တွဲအနေနဲ့ မြို့တော်ဝါဆောမြို့ရှိ ရှိုပင်လေဆိပ်အပါအဝင် လေဆိပ်လေးခုကို ယာယီပိတ်ခဲ့ရပါတယ်။


“ကျွန်တော်တို့ အခြေအနေကစစ်ဖြစ်နေတဲ့ အခြေအနေရောက်နေပြီလို့ အခိုင်အမာမပြောနိုင်ပေမယ့် အရင်တုန်းကအခြေအနေတွေထက်စာရင် အန္တရာယ်တွေက သိသိသာသာပိုများလာပြီလို့ ပြောနိုင်ပါတယ်”လို့ ပိုလန်ဝန်ကြီးချုပ် ဒေါ်နယ်တက်စ်ကပြောပါတယ်။


သူတို့နိုင်ငံအတွက် ကြီးမားတဲ့စစ်ရေးပဋိပက္ခတွေဖြစ်လာနိုင်တဲ့အလားအလာဟာ ဒုတိယကမ္ဘာစစ်နောက်ပိုင်း အနီးကပ်ဆုံးအခြေအနေကိုရောက်လာတဲ့အကြောင်း သူကထပ်ဖြည့်ပြောပါတယ်။

ree

ပိုလန်အစိုးရ တာဝန်ရှိတဲ့သူတွေရဲ့ပြောကြားချက်အရ ယူကရိန်းနိုင်ငံအနောက်ဖက်ပိုင်းကိုပစ်မှတ်ထားပြီး ရုရှားကလေကြောင်းတိုက်ခိုက်မှုပြုလုပ်နေတဲ့အချိန် ဒရုန်းတွေပိုလန်နိုင်ငံပိုက်နက်ထဲဝင်လာတာကြောင့် ပိုလန်စစ်တပ်က F-16 တိုက်လေယာဉ်တွေ၊ ဒတ်ခ်ျ F-35 တိုက်လေယာဥ်နဲ့ အီတလီ AWACS ထောက်လှမ်းရေးလေယာဉ်တွေပူးပေါင်းပြီး ဒရုန်းတွေကို ပစ်ချခဲ့ရတယ်လို့သိရပါတယ်။


ဒီဒရုန်းကိစ္စနဲ့ပတ်သက်ပြီး ရုရှားဘက်ကငြင်းဆိုတာမရှိဘဲ ပိုလန်ကိုဒရုန်းနဲ့တိုက်ခိုက်ဖို့ သူတို့မှာအစီအစဥ်မရှိဘူးလို့ ရုရှားကာကွယ်ရေးဝန်ကြီးကပြောပါတယ်။ဒါပေမယ့် ရုရှားကဒရုန်းတွေနဲ့ပိုလန်နိုင်ငံကို ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်တာလို့ ပိုလန်နိုင်ငံခြားရေးဝန်ကြီးက စွပ်စွဲထားပါတယ်။


ဒီဖြစ်ရပ်ဟာ နေတိုးအဖွဲ့ရဲ့တုံ့ပြန်မှုကိုစမ်းသပ်ဖို့ ရုရှားအစိုးရဘက်က တမင်ရည်ရွယ်ပြီးလုပ်တာလားဆိုတဲ့အချက်ကလည်း မေးခွန်းတစ်ခုဖြစ်လာပါတယ်။ပိုလန်နိုင်ငံဟာ နေတိုးအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်နေတဲ့အတွက် ပိုလန်ကိုဒရုန်းနဲ့တိုက်ခိုက်တာဟာ နေတိုးစာချုပ်ပါ ပုဒ်မ ၅ သဘောတူချက်ကို အသုံးပြုဖို့ တွန်းအားတစ်ခုဖြစ်လာနိုင်ပါတယ်။


ဒါပေမယ့် ပုဒ်မ၅သဘောတူညီချက် အသုံးပြုဖို့နိုင်ဖို့အခြေအနေကလဲ လွယ်လွယ်နဲ့ဖြစ်မလာနိုင်ပါဘူး။ နေတိုးအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံကို အခြားနိုင်ငံတစ်နိုင်နိုင်ငံကဝင်တိုက်ရင် ပူးပေါင်းတိုက်ခိုက်တုန့်ပြန်ဖို့ သဘောတူထားတဲ့ ပုဒ်မ၅ ကိုအသုံးပြုဖို့ နေတိုးအဖွဲ့ဝင် နိုင်ငံ ၃၀ လုံးသဘောတူညီဖို့လိုအပ်ပါတယ်။


၁၉၄၉ ခုနှစ် နေတိုးအဖွဲ့စတင်ဖွဲ့စည်းပြီးနောက် ပုဒ်မ ၅ကိုအသုံးပြုခဲ့တာဟာ ၂၀၀၁ခုနှစ် စက်တင်ဘာ ၁၁ ရက် အမေရိကန်နိုင်ငံထဲမှာ တိုက်ခိုက်ခံရတဲ့ကိစ္စတစ်ခုပဲရှိခဲ့ဖူးပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page