PNA အဆင့်မြင့်စစ်ရေး အထူးကွန်မန်ဒိုသင်တန်းဆင်းပွဲ
- BVJ
- May 2
- 1 min read
BVJ/ယူဂရင်း_ မေ ၂၊ ၂၀၂၅

စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်ဖြစ်တဲ့ ပအိုဝ်းအမျိုးသားတပ်မတော်PNO/PNAက အဆင့်မြင့်စစ်ရေးအထူးကွန်မန်ဒိုသင်တန်းဆင်းပွဲကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်ရှိ PNAရဲ့ တပ်ရင်း(၄)၊ လေ့ကျင့်ရေးကွင်း(အောင်ဆုဗ္ဗေစခန်း)မှာ မနေ့က မေ ၁ရက်က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
သင်တန်းကာလ ငါးလနီးပါးကြာမြင့်ခဲ့တဲ့အထူးကွန်မန်ဒိုသင်တန်းမှာ သင်တန်းသား အယောက် ၁၅၀ ပါဝင်ပြီး သင်တန်းနည်းပြကို နိုင်ငံခြားကဌားရမ်းထားတာဖြစ်တယ်လို့ PNOအကြောင်းတွေရေးသားဖော်ပြနေတဲ့ မောင်မူးခံ - MMK ဒေသတွင်းသတင်းဌာနက ဖော်ပြပါတယ်။
အခုသင်တန်းဆင်းပွဲကို PNOခေါင်းဆောင် ဦးအောင်ခမ်းထီနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလည်း တက်ရောက်ခဲ့တာတွေ့ရပါတယ်။
ပုံစာ-၂၀၂၅၊ မေ ၁ရက်ကပြုလုပ်ခဲ့တဲ့ PNO/PNAက အဆင့်မြင့်စစ်ရေးအထူးကွန်မန်ဒိုသင်တန်းဆင်းပွဲ (ဓါတ်ပုံ- မောင်းမွူးခံꩻ - MMK)
Comments