top of page

ရေတာရှည်မှာစစ်အုပ်စုစစ်ကြောင်းထိုးပြီး ရဲဘော်တစ်ဦးနဲ့ ပြည်သူငါးဦးကို ဖမ်းဆီးပစ်သတ်ခဲ့

  • Writer: BVJ
    BVJ
  • 18 minutes ago
  • 1 min read

မိုနာ/BVJ_မတ် ၅၊ ၂၀၂၆

ပဲခူးတိုင်း၊ရေတာရှည်မြို့နယ် စစ်တောင်းမြစ်အနောက်ခြမ်းကို အင်အား (၅၀၀) ခန့်နဲ့ စစ်ကြောင်းထိုးလာခဲ့တဲ့ စစ်အုပ်စုဟာ ရဲဘော်တစ်ဦးနဲ့ ပြည်သူငါးဦးကို သေနတ်နဲ့ပစ်သတ်သွားတယ်လို့ ပြည်သူ့လွတ်မြောက်ရေးကျောင်းသားတပ်တော်-PLSFက မနေ့ကထုတ်ပြန်ပါတယ်။


ပြီးခဲ့တဲ့လ ဖေဖော်ဝါရီ၂၃ရက်မှာ စစ်အုပ်စုဟာ ပြည်သူ့လွတ်မြောက်ရေးကျောင်းသားတပ်တော်နဲ့ တော်လှန်ရေးအင်အားစုတွေ စိုးမိုးရာနယ်မြေဘက်ကို စစ်ကြောင်းထိုးလာတာဖြစ်ပြီး ၂၄ရက်မှာ‌တော့ စစ်ကြောင်းနှစ်ခုခွဲထွက်ပြီး အင်အား ၂၀၀ခန့်နဲ့ကျေးရွာအတွင်းကိုဝင်ရောက်လာခဲ့တာကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။


“အင်အားမမျှတသောကြောင့် မိမိတို့မဟာမိတ်အင်အားစုများသည် ဆုတ်ခွာပေးခဲ့ရပြီး ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် ကျေးရွာအနီးတွင် ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးခဲ့သည်။ စစ်ကောင်စီ၏သာလွန်အင်အားကြောင့် မိမိတို့ တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့များသည် လက်နက်များအား မကောက်ယူနိုင်ခဲ့ဘဲ ဆက်လက်ဆုတ်ခွာပေးခဲ့ရသည်”လို့ PLSFကပြောထားပါတယ်။


အဲ့ဒီနောက် စစ်အုပ်စုဟာ ၂၆နဲ့၂၇ရက်တို့မှာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့စစ်အုပ်စုစစ်ကြောင်းဟာ ကျေးရွာအနီးထပ်ပြီးစစ်ဆိုင်ခဲ့ကြကြောင်းနဲ့ စစ်အုပ်စုဟာစစ်ကြောင်းထိုးရာ လမ်းတလျှောက်ကရွာတွေမှာလည်း ပြည်သူပိုင်ပစ္စည်းတွေကိုဖောက်ထွင်းသိမ်းယူခဲ့သလို ပြည်သူ ၄ ဦးကိုလည်းသတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။


၂၈ ရက်နေ့မှာတော့ စစ်အုပ်စုစစ်ကြောင်းဟာ ကျေးရွာအထိဆက်လက်ဝင်ရောက်လာခဲ့ပြီး အဲ့ဒီအတွင်းမှာ PLSFကရဲဘော်တစ်ဦးနဲ့ လိုလားသူပြည်သူတစ်ဦးတို့ဟာ ဆေးကုသဖို့ နောက်တန်းစခန်းကိုပြန်လည်ထွက်ခွာခဲ့ချိန် လမ်းတနေရာမှာ စစ်ကြောင်းနဲ့တွေ့ဆုံကာ ဖမ်းဆီးခံခဲ့ကြောင်းနဲ့ အဲ့ဒီနောက် လက်ပြန်ကြိုးတုပ်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး လှေဆိပ်မှာအခြားစစ်ကြောင်းနဲ့ပြန်ပေါင်းသွားခဲ့တယ်လို့ သိရပါတယ်။


“အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းသည် မိမိတို့ရဲဘော်နှင့် လိုလားသူပြည်သူအား နှိပ်စက်ညှင်းပန်းကာ လှေဆိပ်တွင်သေနတ် ၃ ချက်စီပစ်ခတ်သတ်ဖြတ်ခဲ့သည်”

ကျဆုံးခဲ့ရတဲ့ ရဲဘော်ဟာ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အနောက်ခြမ်း၊ ကိုးပင်သာဂရလမ်းအတွင်းပိုင်း ရန်သူ့စစ်ကြောင်းထိုးမှုကို ခုခံကာကွယ်ရင်း ဖေဖော်ဝါရီ ၂၈ရက်မှာကျဆုံးသွားတာဖြစ်တယ်လို့ တပ်ဖွဲ့ကထုတ်ပြန်ထားပါတယ်။


ရေတာရှည်ကို စစ်အုပ်စုစစ်ကြောင်းထိုးတလျောက်မှာ စုစုပေါင်း ပြည်သူ ၅ ဦးနဲ့ ရဲဘော်တစ်ဦး ကျဆုံးခဲ့သလို စစ်အုပ်စုဘက်ကလည်းတပ်သား ၂ ဦးကျဆုံးခဲ့တာဖြစ်ပါတယ်။


ဓါတ်ပုံ-PLSF

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page