တပ်ကုန်းမှာ ၂နှစ်ကြာတပ်စွဲထားတဲ့ ရတနာမြေအခြေပြုလုံခြုံရေးကင်းစခန်းကို PLAဝင်စီး
- BVJ

- Nov 14
- 1 min read
မိုနာ/BVJ_နိုဝင်ဘာ ၁၄၊ ၂၀၂၅

နေပြည်တော်၊ ဥတ္တရသီရိ တပ်ကုန်းမြို့နယ်ရှိ စစ်အုပ်စုရဲ့ ရတနာမြေအခြေပြုလုံခြုံရေးကင်းစခန်းကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA က အခုလ ၁၂ရက် ညနေပိုင်းမှာ ၀င်ရောက်စီးနင်းခဲ့တယ်လို့သိရပါတယ်။
စစ်အုပ်စုက နယ်မြေစိုးမိုးရေးစစ်ကြောင်းထိုးနေချိန်မှာ ဝင်းစီးခဲ့တာဖြစ်ပြီး အခုဝင်စီးတဲ့စခန်းဟာ စစ်အုပ်စုဘက်က ၂နှစ်ဝန်းကျင်တပ်စွဲထားတဲ့စခန်းဖြစ်တယ်လို့ PLAက ဒီနေ့ နိုဝင်ဘာ ၁၄ရက် နေ့လယ်မှာထုတ်ပြန်ပါတယ်။
“ရန်သူ့စခန်းကို ၀င်ရောက်စီးနင်းချိန်တွင် ရန်သူများစခန်းစွန့်ခွာထွက်ပြေးသွားပြီး ရန်သူ၏ ကင်းကြည့်မျှော်စင်များ၊ ဘန်ကာများကို စီးနင်းနိုင်ခဲ့ပြီး စခန်းတွင်း ၀င်ရောက်နိုင်ခဲ့သည်။ ထို့နောက် ရန်သူ့စခန်းကို ရှင်းလင်းရေးများ ဆောင်ရွက်ခဲ့သည်”လို့ PLAက ပြောထားပါတယ်။

အောက်တိုဘာ ၁၃ရက်မှာလည်း အဲ့ဒီစခန်းကိုထပ်ရှင်းလင်းခဲ့ပြီး ကျည်၊ ငွေသားနဲ့ စစ်အသုံးအဆောင်ပစ္စည်းအချို့ သိမ်းဆည်းရရှိခဲ့တယ်လို့သိရပါတယ်။
လက်ရှိမှာစစ်အုပ်စုဟာ အဲ့ဒီစခန်းနဲ့အနီးကပ်ရွာ နှစ်ရွာမှာစစ်ကြောင်းထိုင်နေတယ်လို့လည်း PLA ကပြောထားပါတယ်။







Comments