PLA က ဖမ်းမိထားတဲ့ ကပစ ဗိုလ်မှူးအပါအဝင် တပ်ကြပ်နှစ်ဦး တိုက်ပွဲအတွင်း သေဆုံး
- BVJ
- Apr 24
- 1 min read
BVJ/ထက်အောင် _ ဧပြီ ၂၁ ၊ ၂၀၂၅

အဖိနှိပ်ခံပြည်သူ့တော်လှန်ရေးအင်အားစု - ပြည် သူ့လွတ်မြောက်ရေးတပ်မတော် (OPRF – PLA)နဲ့ စစ်ကောင်စီတပ်ဖွဲ့ ထိတွေ့တိုက်ပွဲဖြစ်ပြီးနောက် စစ်သုံ့ပန် းအဖြစ်ဖမ်းဆီးလာတဲ့ စစ်ကောင် စီတပ်ဖွဲ့ဝင် သုံးဦး သေဆုံးသွားတယ် လို့ OPRF-PLA က သတင်းထုတ်ပြန်ပါတယ်။
"သူတို့ (စကစ) လူအဖမ်းခံရလို့ လိုက်တိုက်ရင်း တိုက်ပွဲကြားမှာ သူတို့ သေသွားတာပါ" လို့ PLA ပြောရေးဆိုခွင့်ရှိသူ ရဲဘော်နီနီကျော်ကလည်း Burma VJ ကို အတည်ပြုပါတယ်။
ဧပြီ ၁၉ ရက်နေ့က နေပြည်တော် ဥတ္တရသီရိမြို့နယ် လမ်းပိုင်းတနေရာကို (OPRF – PLA) က သုံးနာရီကြာ ထိန်းချုပ်စစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့ချိန်မှာ စစ်ကောင်စီ အမှတ် ၁၃ ကာကွယ် ရေးပစ္စည်းစက်ရုံ ဗိုလ်မှူး ဖြိုးမင်းကျော်၊ စစ်မြေပြင် အင်ဂျင်နီယာတပ်ရင်း အမှတ် ၃ တပ်ခွဲက တပ်ကြပ် အောင်ဇော်နိုင်နဲ့ ရဲ ဒုတပ်ကြပ် ထွန်းပြည့်စုံတို့ကို ဖမ်းမိခဲ့တယ်လို့ ပြည်သူ့လွတ် မြောက်ရေးတပ်မတော် (PLA) က ဒီနေ့ ဧပြီ ၂၁ ရက်မှာ သတင်းထုတ်ပြန်ထား ပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးကို ဖမ်းဆီးရမိချိန်မှာ စစ်ဘက်ဆိုင်ရာအသုံးအဆောင်ပစ္စည်းတွေနဲ့ ငွေကြေးအပါအဝင် ကာလတန်ဖိုး သိန်း ၂၀၀၀ ကျော်ကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
အဖိနှိပ်ခံပြည်သူ့တော်လှန်ရေးအင်အားစု (OPRF) ဟာ ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (PLA) ရဲ့ မူဝါဒကို လက်ခံထားပြီး မဟာမိတ်ဆက်ဆံရေး တည်ဆောက်ထားတဲ့ အဖွဲ့တစ်ခုလည်း ဖြစ်ပါတယ်။
Comments