ထိုင်းနိုင်ငံ ဖူးခက်မြို့က မြန်မာစားသောက်ဆိုင်ပိုင်ရှင်တစ်ဦး ဖမ်းဆီးခံရ
- BVJ

- Sep 5
- 1 min read
အေတီ/BVJ _ စက်တင်ဘာ ၄ရက်၊ ၂၀၂၅

ထိုင်းနိုင်ငံ ဖူးခက်မြို့မှာ တရားမဝင် စားသောက်ဆိုင်ဖွင့်ထားတဲ့ မြန်မာနိုင်ငံသားတစ်ဦးကို ရဲတပ်ဖွဲ့ က ဖမ်းဆီးလိုက်ကြောင်း Bangkok Post သတင်းစာမှာ ဒီနေ့ သတင်းဖော်ပြထားပါတယ်။
ဒေသခံတွေရဲ့တိုင်တန်းမှုကြောင့် ဖူးခက်ခရိုင် လုံခြုံရေးအရာရှိအကြီးအကဲ ဦးဆောင်တဲ့ အဖွဲ့ဟာ ဖူးခက်မြို့စျေးကြီးအနောက်ဖက်မှာ ဖွင့်ထားတဲ့ မြန်မာလို မင်္ဂလာပါ၊ ထိုင်းလို Thu Nge Chin Sineလို့ အမည်ပေးထားတဲ့ စားသောက်ဆိုင်ကို ဝင်ရောက်ရှာဖွေခဲ့ပါတယ်။
အဆိုပါဆိုင်ဟာ မြန်မာဖောက်သည်တွေကို အားထားပီး မြန်မာအစားအစာ အဓိကရောင်းချနေတဲ့ စားသောက်ဆိုင်တခု ဖြစ်ပါတယ်။ထိုင်းအာဏာပိုင်တွေ ဝင်ရောက်ရှာဖွေတဲ့အချိန်မှာ တဆိုင်လုံးက အလုပ်သမားအားလုံးဟာ မြန်မာတွေချည်းပဲဖြစ်နေပြီး ထိုင်းအလုပ်သမားတယောက်မှမရှိဘူးဆိုတာ တွေ့သွားပါတယ်။
အသက်၃၇နှစ် ဆိုင်ပိုင်ရှင် ဇော်မင်းလတ်ကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးခဲ့ပြီး၊ မြန်မာ လိုရေး ထားတဲ့ အစားအသောက်မီးနူးနှစ်ခုကိုပါ သက်သေအဖြစ် သိမ်းဆည်းသွားတယ်လို့ BangKok post သတင်းဖော်ပြချက်အရသိရပါတယ်။

မြန်မာနိုင်ငံသား ကိုဇော်မင်းလတ်ကို ဒေသခံအာဏပိုင်တွေက ဖူးခက်ရဲစခန်းကို လွှဲပြောင်းပေးလိုက်ပြီဖြစ်ပြီး နိုင်ငံခြားသားတွေလုပ်ကိုင်ခွင့်မရှိတဲ့ ထိုင်းအစိုးရကခွင့်မပြုထားတဲ့ အလုပ်လုပ်ကိုင်မှုနဲ့ အရေးယူဖို့ တရားစွဲခံထားပြီလို့ သိရပါတယ်။
နိုင်ငံတကာ ရွှေ့ပြောင်းနေထိုင်သူများအဖွဲ့ (IOM)က ပြုစုထားတဲ့စာရင်းအရ ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံသား လေးသန်းကျော်ရှိပြီး ၂၀၂၄ ခုနှစ် စာရင်းအရ အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၁.၇ သန်းခန့်ရှိကြောင်း သိရပါတယ်။
ဒီအရေအတွက်ထဲမှာ ၂၀၂၁နှစ် ဖေဖော်ဝါရီ စစ်တပ်က အာဏာသိမ်းမှုနောက်ပိုင်း ပဋိပက္ခတို့ကြောင့် ထွက်ပြေးလာရတဲ့ ဒုက္ခသည်တွေအပြင် အခြားသော စီးပွားရေး ရွှေ့ပြောင်းနေထိုင်သူတွေလည်း ပါဝင်ပါတယ်။
ခရက်ဒစ်- BangKok post







Comments