top of page

ပက်ဂွာဒီယိုလာ မန်စီတီးကနေ ရာသီကုန်မှာထွက်မယ်

  • Writer: BVJ
    BVJ
  • 10 hours ago
  • 1 min read

BVJ_မေ ၁၉၊ ၂၀၂၆

အင်္ဂလန်ဘောလုံးလောကသမိုင်းမှာ အအောင်မြင်ဆုံးနည်းပြတစ်ဦးဖြစ်သူ ပက်ဂွာဒီယိုလာဟာ တနင်္ဂနွေနေ့မှာအက်စတွန်ဗီလာနဲ့ကစားမယ့်ပရီးမီးယားလိဂ် နောက်ဆုံးပွဲစဉ်အပြီး မန်ချက်စတာစီးတီးအသင်းရဲ့မန်နေဂျာရာထူးက နုတ်ထွက်တော့မှာဖြစ်ပါတယ်။


အသက် ၅၅ နှစ် ဂွာဒီယိုလာဟာ မန်စီတီးရဲ့အီတီဟတ် (Etihad)ကွင်းမှာ ၁၀ နှစ်တာတာဝန်ယူခဲ့တဲ့ကာလအတွင်း ဆုဖလားပေါင်း ၂၀ အထိဆွတ်ခူးပေးခဲ့သလို မန်ချက်စတာစီးတီးကို ကမ္ဘာ့ထိပ်တန်းကလပ်အသင်းတစ်သင်းအဖြစ် တည်ဆောက်ပေးခဲ့ပါတယ်။ သူ့လက်ထက်မှာ ပရီးမီးယားလိဂ်ချန်ပီယံဆု ၆ ကြိမ် (၄ ကြိမ်ဆက်တိုက်ရယူမှုအပါအဝင်)၊ သမိုင်းတလျှောက် ပထမဆုံး ချန်ပီယံလိဂ်ဖလားရရှိခြင်းတို့အပါအဝင် အောင်မြင်မှုများစွာရယူပေးနိုင်ခဲ့ပါတယ်။

ပက်ဂွာဒီယိုလာ မန်ချက်စတာစီးတီးအသင်းကထွက်တော့မယ်ဆိုတာကို ကလပ်ရဲ့ စပွန်ဆာမိတ်ဖက်တွေကိုအကြောင်းကြားထားပြီးဖြစ်ကာ၊ မေလ၂၄ရက် တနင်္ဂနွေနေ့မှာ တရားဝင်ကြေညာဖွယ်ရှိပါတယ်။ပက်ဂွာဒီယိုလာရဲ့အောင်မြင်မှုကို ဂုဏ်ပြုတဲ့အနေနဲ့ တနင်္လာနေ့မှာအမိုးဖွင့်ဘတ်စ်ကားနဲ့ မြို့တွင်းမှာလှည့်လည်ပြီး ဂုဏ်ပြုပွဲပြုလုပ်ဖို့လည်းစီစဉ်ထားပါတယ်။


ပက်ဂွာဒီယိုလာရဲ့ စာချုပ်သက်တမ်းတစ်နှစ်ကျန်ရှိသေးပေမယ့် အသင်းမှာအခြားတာဝန်တခုခုနဲ့ ဆက်လက်ရှိနေနိုင်ပါတယ်။ပက်ဂွာဒီယိုလာနေရာမှာ အစားထိုးဖို့ အဓိကလျာထားခံရသူတွေထဲမှာ အန်ဇိုမာရက်စကာ (ချယ်လ်ဆီး နည်းပြဟောင်း)၊ ဗင်ဆင့်ကွန်ပနီ(လက်ရှိ ဘိုင်ယန်မြူးနစ်နည်းပြ)တို့ နာမည်ထွက်နေပါတယ်။


မန်ချက်စတာစီးတီးအသင်းဟာ ပြီးခဲ့တဲ့စနေနေ့က ဝမ်ဘလေကွင်းမှာ ချယ်လ်ဆီးကို ၁-၀ ဂိုးနဲ့အနိုင်ရကာ FA Cup ဖလားကိုဆွတ်ခူးထားပြီး ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက်လည်း အာဆင်နယ်နဲ့အကြိတ်အနယ်ယှဉ်ပြိုင်နေဆဲဖြစ်ပါတယ်။ ဒီနေ့ အင်္ဂါနေ့ ဘုန်းမောက်အသင်းနဲ့အဝေးကွင်းမှာယှဉ်ပြိုင်ရမှာဖြစ်ပြီး တနင်္ဂနွေနေ့မှာတော့ အီတီဟတ်ကွင်းမှာ အက်စတန်ဗီလာအသင်းနဲ့ နောက်ဆုံးပွဲကစားရမှာဖြစ်ပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page