ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ဖို့ အာဆင်နယ်အတွက် လက်တကမ်းအလို
- BVJ

- 10 hours ago
- 1 min read
အာဆင်နယ် ၁-၀ ဘန်လေ
BVJ_မေ ၁၉၊ ၂၀၂၆

အောက်တန်းဆင်းရတော့မယ့် ဘန်လေနဲ့ ဒီနေ့မေ ၁၉ရက်ကစားရတဲ့ပွဲမှာ ကိုင်ဟားဗက်စ်ရဲ့တစ်လုံးတည်းသောအနိုင်ဂိုးနဲ့ အာဆင်နယ်တို့ခက်ခက်ခဲခဲအနိုင်ရခဲ့ပါတယ်။ ထောင့်ကန်ဘောကနေ ဆာကာတင်ပေးလိုက်တဲ့ဘောလုံးကို ပထမပိုင်း ၃၇မိနစ်မှာ ကိုင်ဟားဗက်စ်ကခေါင်းတိုက်သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ဒီဂိုးအပါအဝင် အာဆင်နယ်ကဒီရာသီမှာ set-pieceကနေ ဂိုး ၁၈ ဂိုးအထိသွင်းယူနိုင်ခဲ့ပါတယ်။
၆၇မိနစ်မှာ ကိုင်ဟားဗက်စ်ကျူးလွန်တဲ့ပြစ်ဒဏ်ဘောကို ဒိုင်ကအနီကဒ်မပြလို့ သာ အဆင်နယ်အသင်းကံကောင်းသွားပါတယ်။အာဆင်နယ်က မန်စီတီးထက် ၅မှတ်အသာနဲ့ ဇယားထိပ်ကဆက်လက်ဦးဆောင်နေပြီး ကစားရဖို့နောက်တပွဲပဲကျန်ပါတော့တယ်။

မန်စီတီးအသင်းကနှစ်ပွဲကစားဖို့ကျန်နေသေးပေမယ့် ဒီနေ့ပွဲအာဆင်နယ် အနိုင်ရသွားတဲ့ရလဒ်က သူတို့အသင်းအတွက်ဖိအားတွေပိုရသွားပါတယ်။ မနက်ဖြန် ဘွန်းမောက်ကွင်းမှာကစားရမယ့်ပွဲမှာသရေကျသွားရင် နောက်ဆုံးပွဲရလဒ်ကိုကြည့်စရာမလိုဘဲ အာဆင်နယ်တို့ချန်ပီယံဖြစ်သွားမှာဖြစ်ပါတယ်။
အာဆင်နယ်ဟာ ပရီးမီးယားလိဂ်ဖလားကိုဆွတ်ခူးဖို့ ခြေတစ်လှမ်းပိုနီးစပ်လာပါပြီ။မန်စီးတီးအသင်း မနက်ဖြန်ဘုန်းမောက်နဲ့ပွဲမှာ သရေကျပြီးရမှတ်တွေ ဆုံးရှုံးခဲ့ရင် အာဆင်နယ်ပရီးမီးယားလိဂ်ချန်ပီယံဖြစ်သွားတော့မှာပါ။



Comments