စစ်အုပ်စုဆွေးနွေးပွဲကိုဆန့်ကျင်တဲ့ ဆန္ဒပြပွဲ
- BVJ

- 9 hours ago
- 1 min read
BVJ_မေ ၁၅၊ ၂၀၂၆
ယူကေနိုင်ငံ၊လန်ဒန်မြို့က စစ်အုပ်စုရဲ့မြန်မာသံရုံးမှာ မေလ ၁၄ ရက်နေ့မှာကျင်းပဖို့မူလကစီစဉ်ထားတဲ့ “Open Dialogue On Myanmar” ဆွေးနွေးပွဲဟာကန့်ကွက်ဆန္ဒပြမှုတွေကြောင့် မလုပ်ဖြစ်တော့ဘဲအစီအစဉ်ဖျက်လိုက်ရပါတယ်။
ဒီဆွေးနွေးပွဲဟာ နိုင်ငံတကာအသိအမှတ်ရဖို့အတွက်ရည်ရွယ်ပြုလုပ်မယ့်ပွဲဖြစ်ပြီး အခြားနိုင်ငံက သံအမတ်တွေကိုလည်းဖိတ်ကြားထားတယ်လို့ သိရပါတယ်။ဆွေးနွေးပွဲမတိုင်ခင် မေလ၁၃ရက်နေ့မှာ စစ်အုပ်စုကဆွေးနွေးပွဲရွှေ့ဆိုင်းလိုက်တယ်လို့အကြောင်းကြားခဲ့ပေမယ့် Stars of Myanmar Friendshipနဲ့ Burma Campaign UKအဖွဲ့ကဦးဆောင်ပြီး ဆန္ဒပြပွဲကိုပြုလုပ်ခဲ့ပါတယ်။
စစ်အုပ်စုရဲ့ဆွေးနွေးပွဲ ကန့်ကွက်ဆန္ဒပြပွဲကို မေလ၁၄ ရက်နေ့လည်ပိုင်းက လန်ဒန်မြို့က မြန်မာသံရုံးရှေ့မှာပြုလုပ်ခဲ့ပြီး နိုင်ငံရေးအကျဉ်းသားအားလုံးလွတ်မြောက်ရေး၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ကြွေးကြော်တောင်းဆိုခဲ့ကြပါတယ်။
လွတ်လပ်သည့် ကျွန်ုပ်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် မိတ်ဆွေတို့တစ်ဦးချင်းစီ၏ အကူအညီကအလွန်အရေးပါပါသည်။ Paypal၊ Wise၊ NUGPay တို့ဖြင့် Burma VJ ကို ကူညီ၊ထောက်ပံ့နိုင်ပါသည်။




Comments