ရန်ကုန်၊ပဲခူးနဲ့မွန်ပြည်နယ် ပကဖ တိုက်ခိုက်ရေးစစ်ကြောင်းတွေကို လက်နက်တပ်ဆင်
- BVJ

- Nov 11
- 1 min read
ယူဂရင်း/BVJ_နိုဝင်ဘာ ၁၀၊ ၂၀၂၅

ရန်ကုန်တိုင်းပကဖတိုက်ခိုက်ရေးစစ်ကြောင်း၊ မွန်ပြည်နယ်ပကဖတိုက်ခိုက်ရေးစစ်ကြောင်းနဲ့ ပဲခူးခရိုင်ပကဖ တိုက်ခိုက်ရေးစစ်ကြောင်းတွေကို လက်နက်တပ်ဆင်ပေးခဲ့အခမ်းအနားကို ပဲခူးတိုင်း ရှေ့တန်းစခန်းတစ်ခုမှာ ဒီနေ့မနက်ကကျင်းပခဲ့တယ်လို့ အထူးတိုင်းစစ်ဌာနက သိရပါတယ်။
အခုလက်နက်တပ်ဆင်ပေးတဲ့ ပြည်သူကာကွယ်ရေးအဖွဲ့(ပကဖ)စစ်ကြောင်းတွေဟာ တိုင်းစစ်ဌာနစစ်ဆင်ရေးကွပ်ကဲမှုမှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တိုက်ခိုက်ရေးစစ်ကြောင်းတွေအဖြစ် ကွပ်ကဲမှူခံယူပြီး စစ်ဆင်ရေးပူးပေါင်းဆောင်ရွက်နေတာဖြစ်တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အထူးတိုင်းစစ်ဌာနက ဒီနေ့ နိုဝင်ဘာ ၁၀ရက် ညနေမှာ ထုတ်ပြန်ပါတယ်။

လက်နက်၊ ကျည်ဘောက်၊ ကျည်ခဲယမ်းတွေပေးအပ်ခဲ့ကြပြီး PDF စစ်ရုံးချုပ်လမ်းညွှန်ချက်တွေနဲ့အညီ PDFတပ်ရင်းတွေ၊ လက်ရုံးတပ်ဖွဲ့တွေ၊ ပကဖတွေ၊ ဒေသအခြေပြုကာကွယ်ရေးအဖွဲ့တွေ စစ်ဆင်ရေးအရှိန်မြှင့်ဆောင်ရွက်နိုင်ဖို့ လိုအပ်တဲ့အုပ်ချုပ်ထောက်ပံ့ကိစ္စတွေဖြည့်ဆည်းနိုင်ရေးနဲ့ COCနဲ့အညီ အင်အားတွေစုစည်းတည်ဆောက်ရေးကြိုးပမ်းဆောင်ရွက်နေတယ်လို့လည်း အထူးတိုင်းစစ်ဌာနက အသိပေးထားပါတယ်။







Comments