ကျောက်ဖြူမြို့နယ်ရှိ ရွာနှစ်ရွာကိုစစ်အုပ်စုဗုံးကြဲချ
- BVJ

- 6 hours ago
- 1 min read
BVJ/ဂျိုး_နိုဝင်ဘာ ၂၅၊ ၂၀၂၅

ရခိုင်ပြည်နယ်တောင်ပိုင်း ကျောက်ဖြူမြို့နယ်အတွင်းက ချောင်းဖျားကျေးရွာနဲ့ တောင်ကြီးရင်းကျေးရွာကို ဒီနေ့ နေ့လယ် ၁၂နာရီကျော်လောက်မှာ စစ်အုပ်စု လေကြောင်းဗုံးကြဲခဲ့တာကြောင့် စစ်ဘေးရှောင်အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံကပြောပါတယ်။
“ဗုံးကြဲတာကတော့ ချောင်းဖျားရွာနဲ့တောင်ကြီးရင်းကျေးရွာဘက်ကို ကြဲတယ်လို့ကြားတယ်။ ကျနော်တို့နဲ့တော့ဝေးတယ်။ တိတိကျကျတော့မသိဘူး။ အမျိုးသားတဦးဒဏ်ရာရ တယ်လို့ကြားတယ်”လို့ပြောပါတယ်။

စစ်အုပ်စုဗုံးကြဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသွားသူဟာ ချောင်းဖျားကျေးရွာမှာလာရောက်စစ်ဘေး ရှောင်နေတဲ့ အသက် ၄၈နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်တယ်လို့ ရခိုင်ဒေသတွင်းအခြေအနေတွေကိုရေးသားနေတဲ့ APMသတင်းမှာ ဖော်ပြထားပါတယ်။
လက်ရှိတိုက်ပွဲတွေဖြစ်ပွားနေတဲ့ ကျောက်ဖြူမြို့နယ်က ကျေးရွာတော်တော်များများကို စစ်အုပ်စု မကြာခဏဆိုသလို လေကြောင်းဗုံးကြဲနေတာကြောင့် အရပ်သားထိခိုက်သေဆုံးတာတွေ လည်းရှိနေသလို ရွာကနေအိမ်တွေမီးလောင်ပျက်စီးတာတွေလည်းရှိနေတယ်လို့ ဒေသခံတွေကပြောကြပါတယ်။
ပုံစာ- စစ်ကောင်စီဗုံးကြဲသွားတဲ့ ချောင်းဖျားရွာနဲ့ တောင်ကြီးရင်းကျေးရွာကို တွေ့ရစဉ်
ဓာတ်ပုံ- APM







Comments