top of page

ပေါင်းတည်မြို့နယ်က စစ်ကောင်စီ သိမ်ကုန်းတာဝါတိုင်စခန်းကို PDF တပ်ဖွဲ့ သိမ်းယူ

  • Writer: BVJ
    BVJ
  • May 21
  • 1 min read

BVJ/အိုင်းရစ် _ မေ ၂၁ ၊ ၂၀၂၅


ဓာတ်ပုံ - ပြည်ခရိုင်တပ်ရင်း ၃၆၀၂
ဓာတ်ပုံ - ပြည်ခရိုင်တပ်ရင်း ၃၆၀၂

ပဲခူးတိုင်း ပေါင်းတည်မြို့နယ်က စစ်ကောင်စီ သိမ်ကုန်းတာဝါတိုင်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တောင်ပိုင်းတိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ(၂) ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ(၂၁) လက်အောက်ခံတပ်ဖွဲ့က အခု မေလ ၁၉ ရက်မှာ အပြီးသတ်သိမ်းယူနိုင်ခဲ့တယ်လို့ ပြည်ခရိုင်တပ်ရင်း ၃၆၀၂ က ထုတ်ပြန်ထားပါတယ်။


စစ်ကောင်စီအထိုင်ချတပ်စွဲထားတဲ့ သိမ်ကုန်းတာဝါတိုင်စခန်းကို အင်အားဖြည့်တင်းဖို့အတွက် ပေါင်းတည်မြို့နယ် ဝဲကြီးဆည်ဘောင်ကနေ အင်အား ၇၀ ဝန်းကျင်နဲ့ စစ်ကူလာတဲ့စစ်ကြောင်းကို ပြည်ခရိုင် ၃၆၀၂ တပ်ရင်း၊ ၃၆၀၁ တပ်ရင်းနဲ့ ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တို့က အခု မေလ ၁၈ ရက်မှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။


ပြည်ခရိုင် ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ကြားဖြတ်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးခဲ့သလို ထိခိုက်ဒဏ်ရာရတဲ့ စစ်ကောင်စီတပ်သားအချို့ သိမ်ကုန်းတာဝါတိုင်စခန်းထဲကို ထွက်ပြေးဝင်ရောက်သွားချိန် ကာကွယ်ရေးတပ်ဖွဲ့တွေက ဆက်လက်ပိတ်ဆို့တိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။


နှစ်ဖက်ထိတွေ့ပစ်ခတ်မှုအတွင်း စစ်ကောင်စီဘက်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ခုခံပစ်ခတ်ခဲ့ပေမဲ့ မေလ ၁၉ ရက်မှာ ပြည်ခရိုင် ကာကွယ်ရေးတပ်ဖွဲ့တွေက အပြီးသတ်သိမ်းယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။


ပေါင်းတည်မြို့နယ်က စစ်ကောင်စီ သိမ်ကုန်းတာဝါတိုင်စခန်းကို ကာကွယ်ရေးတပ်ဖွဲ့တွေ ထိုးစစ်ဆင်သိမ်းယူခဲ့မှုနဲ့ပတ်သက်ပြီး တောင်ပိုင်းစစ်ဒေသ အမှတ် ၂ စစ်ဒေသခွဲ ပြောရေးဆိုခွင့်ရှိသူ စောဒိုရှင်းကို Burma VJ က ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်ပါတယ်။



Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page