top of page

ပေါက်တောမှာလေးတန်းကျောင်းသူကို ဘုန်းကြီးကအဓမ္မပြုကျင့်

  • Writer: BVJ
    BVJ
  • Jul 31
  • 1 min read
  • ‌ကျူးလွန်သူကို AA တရားဥပဒေစိုးမိုးရေးဌာနက ဖမ်းဆီးထား

 

BVJ/ ဂျိုး_ဇူလိုင် ၃၁၊ ၂၀၂၅

လေးတန်းကျောင်းသူလေးကို အဓမ္မပြုကျင့်သူ ဦးဇင်း စန္ဒိမာ(ခ) ဦးစိန်လှထွန်း(ဓာတ်ပုံ - APM)
လေးတန်းကျောင်းသူလေးကို အဓမ္မပြုကျင့်သူ ဦးဇင်း စန္ဒိမာ(ခ) ဦးစိန်လှထွန်း(ဓာတ်ပုံ - APM)

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်က အသက်ကိုးနှစ်အရွယ် လေးတန်းကျောင်းသူတစ်ဦးကို အသက် ၆၉နှစ်ရှိတဲ့ ဘုန်းကြီးတစ်ပါးက အခု ဇူလိုင်လ ၂၈ရက်နေ့မှာ အဓမ္မပြုကျင့်မှုဖြစ်ပွားခဲ့ပါတယ်။

ကျုးလွန်ခံရတဲ့ အသက်ကိုးနှစ်အရွယ်လေးတန်းကျောင်းသူလေးဟာ ပေါက်တောမြို့နယ် ဟင်းခရော် ကျေးရွာကဖြစ်ပြီး ရွာရဲ့ ဘုန်းကြီးကျောင်းဓမ္မာရုံမှာဖွင့်ထားတဲ့ ကျောင်းမှာပညာသင်ယူနေတဲ့ ကျောင်းသူတစ်ဦးလည်းဖြစ်ပါတယ်။

 

အခုလ ၂၈ရက်နေ့မှာတော့ လေးတန်းကျောင်းသူဟာ ကျောင်းဆင်းချိန်ထီးမေ့ကျန်ခဲ့တာကြောင့် တစ်ယောက်တည်းပြန်သွားယူချိန်မှာ အဲဒီကျောင်းမှာနေထိုင်တဲ့ အသက်၆၉နှစ်အရွယ်ဘုန်းကြီးက အဓမ္မပြုကျင့်လိုက်တာဖြစ်တယ်လို့ ရခိုင်ပြည်နယ် တရားဥပဒေစိုးမိုးရေးနဲ့ ပြည့်သူ့လုံခြုံရေးဌာန (DLEPS)ကပြောဆိုထားပါတယ်။

 

“၂၈ရက်နေ့က ရွာဘုန်းတော်ကြီးကျောင်းက ဓမ္မာရုံမှာကျောင်းတက်ပြီးတော့ ၁၀နာရီလောက်မှာ သမီးက အိမ်ပြန်ရောက်တော့ ငိုနေတာမြင်လို့ သမီးလေးကိုမေးကြည့်တော့ ကျောင်းမှာထီးမေ့ကျန်ခဲ့လို့ပြန်ယူတဲ့ အချိန် ဓမ္မာရုံမှာနေတဲ့ စစ်တွေကနေစစ်ရှောင်လာတဲ့ ဦးဇင်း စန္ဒိမာ(ခ) ဦးစိန်လှထွန်း ဆိုသူက အတင်းအဓမ္မပြုကျင့်လိုက်တာ”လို့ ၄တန်းကျောင်းသူလေးရဲ့ မိခင်က ပြောပါတယ်။

 

လက်ရှိမှာတော့ ပြစ်မှုကျုးလွန်သူကို အာရက္ခတပ်တော်-AAရဲ့ တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူ့လုံခြုံရေးဌာန (DLEPS)ကဖမ်းဆီးထားပြီးတော့ စစ်ဆေးမှုတွေစတင်လုပ်ဆောင်နေပြီလို့ သိရပါတယ်။

 

ဒါ့အပြင် အခုနှစ် မေလ ၆ ရက်နေ့ကလည်း မင်းပြားမြို့နယ် ဖားပြိုကျေးရွာက အသက် ၉ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး အဓမ္မပြုကျင့်သတ်ဖြတ်ခံခဲ့ရတာနဲ့ပတ်သက်ပြီး သံသယတရားခံ ၈ ဦးကို AAရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးနေတယ်လို့ ပြောဆိုထားပါတယ်။

 

ရခိုင်ပြည်နယ်က မြို့နယ် ၁၄မြို့နယ်ကို သိမ်းပိုက်ထိန်းချုပ်ထားတဲ့ အာရက္ခတပ်တော်-AAအနေနဲ့ တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေကို လုပ်ဆောင်နေပါတယ်။ ဒါပေမယ့်လည်း တရားစီရင်ရေးလုပ်ငန်းတွေမှာ အာရက္ခတပ်တော်-AAအနေနဲ့ လိုအပ်ချက်တွေရှိနေသလို မြေပြင်မှာတာဝန်ထမ်းဆောင်နေသူတွေအနေနဲ့ ဘက်လိုက်မှုတွေရှိနေတယ်လို့လည်း ရခိုင်ဒေသခံတွေက ထောက်ပြပြောဆိုကြတာမျိုး ရှိနေပါတယ်။

 

 

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page