top of page

ပေါက်မြို့နယ်ကကျေးရွာတချို့ကို စစ်အုပ်စုအင်အားအလုံးအရင်းနဲ့ထိုးစစ်ဆင်နေပြီး အလင်းဝင်ဖို့ကြိုးစားသူတွေကိုပါ ပစ်ခတ်

  • Writer: BVJ
    BVJ
  • Dec 24, 2025
  • 1 min read

BVJ/ဂျိုး_ဒီဇင်ဘာ ၂၄၊ ၂၀၂၅

ပုံစာ- သင်တန်းဆင်းပွဲမှာတခုအတွင်းက မြိုင် ပကဖ တပ်ဖွဲ့ဝင်များ
ပုံစာ- သင်တန်းဆင်းပွဲမှာတခုအတွင်းက မြိုင် ပကဖ တပ်ဖွဲ့ဝင်များ

မကွေးတိုင်းဒေသကြီး၊ ပက္ကူခရိုင် ပေါက်မြို့နယ်အတွင်းမှာရှိတဲ့ ကျေးရွာတချို့ကို စစ်အုပ်စုကဒီရက်ပိုင်းအတွင်းမှာ အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်လာနေတာကြောင့် စစ်အုပ်စုနဲ့တော်လှန်ရေးတပ်တွေကြား နှစ်ဘက်တိုက်ပွဲတွေပြင်းထန်နေပါတယ်။


တိုက်ပွဲအတွင်းမှာ တော်လှန်ရေးတပ်ဖွဲ့တွေဆီကိုလက်နက်ကိုင်ဆောင်ပြီး အလင်းဝင်ရောက်ဖို့ကြိုးစားတဲ့ စစ်အုပ်စုတပ်ဖွဲ့ဝင် (၄) ဦးကို စစ်အုပ်စုက ပစ်ခတ်ရှင်းလင်းလိုက်တယ်လို့လည်း မြိင် ပကဖရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။


ပေါက်မြို့နယ် အနောက်မြောက်ဘက်ခြမ်း ပခုက္ကူ-မြိုင်-ပုလဲ လမ်းမကြီးရဲ့ အနီးတဝိုက်မှာတည်ရှိတဲ့ စစ်အုပ်စုရဲ့ ကပစ ၂၄ ကနေ အင်အားနှစ်ရာကျော်ပါတဲ့စစ်ကြောင်းဟာ ပျဉ်းမ၊ ချောင်းကူးရွာကနေ ကျွန်းတိုင်း၊ စသိန်း၊ ဂွေးဂုံ၊ ဂဲပင်အင်း၊ ညောင်ရင်း၊ ဓာတ်တော် ကျေးရွာတွေကို ဝင်ရောက်ပျက်စီးခဲ့တယ်လို့ မြိုင် ပကဖရဲ့ ဒီကနေ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။


အဲဒီစစ်ကြောင်းကို တော်လှန်ရေးအဖွဲ့တွေက ခုခံတိုက်ခိုက်ခဲ့တာကြောင့် တိုက်ပွဲတွေပြင်းထန်နေသလို နှစ်ဘက်အကျအဆုံးများတယ်လို့လည်း မြိုင် ပကဖ က ဆိုထားပါတယ်။ သေဆုံးသူတွေကို ရွာထဲက အိမ်တွေထဲမှာပဲ ထည့်သွင်းမီးရှို့ခဲ့တယ်လို့ ဆိုပါတယ်။


ဒါ့အပြင်တိုက်ပွဲအတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တွေလည်း ထိခိုက်သေဆုံးဒဏ်ရာရတာတွေရှိတယ်လို့ မြိုင် ပကဖ ကဖော်ပြပါတယ်။


စစ်အုပ်စုဘက်ကတော့ ကပစ (၂၄) အတွင်းကနေ ၁၂၀၊ ၁၂၂ မစ်ဆိုင်းတွေနဲ့ တော်လှန်ရေးအဖွဲတွေကို ဆက်တိုက်ပစ်ခတ်တိုက်ခိုက်နေတာပါ။ ဒါ့အပြင် စစ်အုပ်စုအနေနဲ့ FPV ဒရုန်းတွေ အသုံးပြုပြီး တော်လှန်တပ်ဖွဲ့ဝင်တွေရှိတဲ့နေရာတွေကို တစ်ရက်ရှစ်ကြိမ်ထက်မနည်းတိုက်ခိုက်နေတာကြောင့် တော်လှန်ရေး ရဲဘော်တွေထိခိုက်ဒဏ်ရာရတာတွေနဲ့ ရင်ဆိုင်နေရတယ်လို့လည်း မြိုင် ပကဖ ကထုတ်ပြန်ပါတယ်။


ဒါ့အပြင် စစ်အုပ်စုအနေနဲ့ စစ်ဘေးဒုက္ခသည်တွေကိုလည်း လက်နက်ကြီးတွေ ဒရုန်းတွေနဲ့ပစ်ခတ်နေတာကြောင့် စစ်ဘေးဒုက္ခသည်တွေ ထိခိုက်ဒဏ်ရာရတာတွေရှိနေကြတာလည်း ဖြစ်ပါတယ်။


လက်ရှိတိုက်ပွဲတွေကို မြိုင်ပကဖ၊ ပေါက်ပကဖ၊ MAGWAY PDF၊ပခုက္ကူခရိုင် PDF ရင်း (၁)နဲ့တခြားသော တော်လှန်ရေးမဟာမိတ်အဖွဲ့တွေလည်း ပါဝင်တယ်လို့ မြိုင် ပကဖ ကပြောဆိုထားတာဖြစ်ပါတယ်။


Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page