top of page

ပေါက်၊ ကပစအနီးကာကင်းစခန်းပြန်ရလိုတာကြောင့် စစ်အုပ်စုအင်အားတစ်ရာကျော်နဲ့ စစ်ကြောင်းထိုး၊ လေကြောင်းဗုံးကြဲနေ

  • Writer: BVJ
    BVJ
  • Sep 2
  • 1 min read

ယူဂရင်း/BVJ_ သြဂုတ် ၂၊ ၂၀၂၅

ပုံစာ-စစ်အုပ်စုစစ်ကြောင်းထိုးပြီးနောက် တောင်သူတွေသီးနှံ မီးရှို့ဖျက်စီးခံရပုံကို အညာမြေအဖွဲ့က သြဂုတ် ၃၀ရက်တွင်ဖော်ပြထားပုံ။(ဓါတ်ပုံ-အညာမြေ)
ပုံစာ-စစ်အုပ်စုစစ်ကြောင်းထိုးပြီးနောက် တောင်သူတွေသီးနှံ မီးရှို့ဖျက်စီးခံရပုံကို အညာမြေအဖွဲ့က သြဂုတ် ၃၀ရက်တွင်ဖော်ပြထားပုံ။(ဓါတ်ပုံ-အညာမြေ)

မကွေးတိုင်း၊ပေါက်မြို့နယ်အခြေစိုက် အမှတ် ၂၄ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ ၂၄) က အင်အား ၁၅၀ ကျော်ပါစစ်အုပ်စုဟာ စစ်ကြောင်းထိုးထွက်လာတာကြောင့် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေလည်း သုံးရက်ဆက်တိုက်ပြုလုပ်နေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

 

အဲ့ဒီအင်အားရာကျော်ပါစစ်ကြောင်းဟာ ထီးလင်းနဲ့ပေါက်မြို့နယ်အစပ်က ပုံတောင်ကာကင်းစခန်းကိုစစ်ကြောင်းထိုးလာတာဖြစ်ပြီး အဲ့ဒီကာကင်းဟာ တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းထားတဲ့နေရာဖြစ်ပါတယ်။

 

“ဒီနေ့မနက်မှာလည်း ခြောက်နာရီလောက်ကထဲက လေကြောင်းပစ်တာတောက်လျောက်ပဲ။ အကြိမ်ရေလည်းမနည်းဘူးလာတာ ၁၀ခေါက်ကျော်တယ်။ ဗုံးကတော့ ၃၀ကျော်လောက်ရှိမယ်။ လက်ရှိတော့ ထိခိုက်သေဆုံးမသိရသေးပါဘူး။ စစ်ကြောင်းထိုး လေကြောင်းလာဆိုကတည်းက ပြေးကြရတာပါပဲ”လို့ ပေါက်ဒေသခံတစ်ဦးက Burma VJကို ပြောပါတယ်။

 

သြဂုတ် ၃၁ရက်ကနေ အခုလ ၂ရက်နေ့အထိ ပုံတောင်နယ်စပ်ကာကင်းစခန်းနားကို သုံးရက်အတွင်း ဗုံးအလုံးရေတစ်ရာနီးပါးကြဲချခဲ့ပြီး ကျေးရွာ ငါးရွာကဒေသခံတွေဟာလည်း ရွာလုံးကျွတ် ထွက်ပြေးနေရတယ်လို့ သိရပါတယ်။

 

ပုံတောင်နတ်ထိပ်ကာကင်းစခန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက အခုနှစ်အစမှာသိမ်းပိုက်ထားတာဖြစ်ပြီး အဲ့ဒီစခန်းဟာ ကပစ ၂၃၊ ၂၄ရဲ့ ကာကင်းစခန်း ဖြစ်တယ်လို့လည်း သိရပါတယ်။

 

မကွေးတိုင်း၊ ပခုက္ကူတပ်မ ၁၀၁ ကနေပို့ဆောင်တဲ့ စစ်ကောင်စီရိက္ခာယာဉ်တန်း တစ်ရာကျော်ဟာ ဩဂုတ်လ ၂၀ ရက်နေ့မှာ ပေါက်မြို့နယ် ကပစ-၂၄(ကာကွယ်ရေးပစ္စည်းစက်ရုံ)ကို ရောက်ရှိခဲ့တာဖြစ်ပြီး အဲ့ဒီယာဉ်တန်းလာရာလမ်းတလျောက်မှာ တော်လှန်‌ရေးတပ်ဖွဲ့တွေရဲ့ကြားဖြတ်တိုက်ခိုက်မှုတွေကို အကြိမ်ကြိမ်ခံခဲ့ရတာကြောင့် ပေါက်ကိုရောက်ဖို့ အချိန်သုံးလနီးပါးကြာမြင့်ခဲ့တာဖြစ်ပါတယ်။

 


 

 

 

 

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page