top of page

ပလက်ဝ၊ချောင်းဆုံဆိပ်ကမ်း နှစ်ရက်ဆက်တိုက်လေကြောင်းတိုက်ခိုက်ခံရ၊ ထိခိုက်သေဆုံးသူများရှိ

Writer: BVJ
BVJ
Oct 20
1 min read

နီသွင်/BVJ_အောက်တိုဘာ ၁၉၊ ၂၀၂၆

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ရှိ ချောင်းဆုံကုန်တင်ဆိပ်ကမ်းကို အာဏာသိမ်းစစ်တပ်က မနေ့က အောက်တိုဘာ ၁၈ရက်နဲ့ ဒီနေ့ အောက်တိုဘာ ၁၉ ရက်နေ့မှာ လေကြောင်းကနေနှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဆိပ်ကမ်းအလုပ်သမားတွေနဲ့ ကုန်သည်တွေထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ သိရပါတယ်။


ဒေသခံတွေရဲ့ပြောပြချက်အရတိုက်ခိုက်မှုကို ဒီနေ့ နံနက် ၁၁ နာရီခွဲနဲ့ ၁၂ နာရီကြားမှာ တိုက်လေယာဉ်နှစ်စင်းနဲ့ Y-12 လေယာဉ်နှစ်စင်းတို့အသုံးပြုပြီး ချောင်းဆုံဆိပ်ကမ်းနဲ့ပတ်ဝန်းကျင်နေရာတွေကိုဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။


လေကြောင်းတိုက်ခိုက်မှုအတွင်းမှာ ဆိပ်ကမ်းအနီးလမ်းမတွေပေါ်မှာ မောင်းနှင်သွားလာနေတဲ့ ခရီးသည်တင်မော်တော်ယာဉ်တွေနဲ့ ကုန်တင်ကားတွေကိုပါတိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေအပြောအရသိရပါတယ်။

ဒါ့အပြင် မနေ့ကလေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေနဲ့ အမျိုးသမီးတွေအပါအဝင် ဒေသခံအရပ်သား ၈ ဦးသေဆုံးခဲ့ရပြီး အများအပြားလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြပါတယ်။ ဒီကနေ့ ဗုံးကြဲခံရမှုမှာ ၆ ဦးခန့်သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိမှုတွေရှိတယ်လို့သိရပေမယ့်အရေအတွက်အတိအကျကိုအခုအချိန်အထိ အတည်မပြုနိုင်သေးပါဘူး။


ချောင်းဆုံဆိပ်ကမ်းဟာ ပလက်ဝ၊ မတူပီနဲ့ မင်းတပ်မြို့နယ်တွေကို ဆက်သွယ်ပေးတဲ့ လေးမြို့ချောင်းဖျားဒေသမှာတည်ရှိတာဖြစ်ပြီး၊ ကုန်တင်ကုန်ချ လုပ်သားတွေ၊ ကုန်သည်တွေ၊ ဈေးသည်တွေနဲ့စားသောက်ဆိုင်တွေနဲ့ နေ့စဉ်စည်ကားနေတဲ့နေရာတစ်ခုဖြစ်ပါတယ်။

ခရက်ဒစ်- Deep sigh

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page