လုံခြုံရေးအတွက် သက်တော်စောင့်နဲ့နေတဲ့အုပ်ချုပ်ရေးမှူး ပစ်ရှင်းခံရ
- BVJ

- 2 hours ago
- 1 min read
BVJ/ဂျိုး_နိုဝင်ဘာ ၅၊ ၂၀၂၅

ဒေသခံပြည်သူတွေအပေါ် ခြိမ်းခြောက်နိုင်ထက်စီးနင်းလုပ်နေတဲ့ တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ် အမှတ်(၄)ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ သူ့ရဲ့သက်တော်စောင့်ကို ပြီးခဲ့တဲ့အောက်တိုဘာလ ၂၃ရက်နေ့မှာ ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ မြိတ်ခရိုင်အမှတ်(၁) တပ်ရင်းက ဒီနေ့မှာထုတ်ပြန်ထားပါတယ်။
အုပ်ချုပ်ရေးမှူးဦးစိုးဝေဟာ ပြည်သူတွေအပေါ် လက်နက်အတုတွေနဲ့ ငွေညှစ်ခြိမ်းခြောက်တာ၊ စစ်မှုထမ်းအတင်းအကြပ်စုဆောင်းတာတွေလုပ်ဆောင်နေတာကြောင့် အဲဒီလိုမပြုလုပ်ဖို့အကြိမ်ကြိမ် သတိပေးခဲ့ပေမယ့် မလိုက်နာတာကြောင့် အခုလိုပစ်ခတ်ရှင်းလင်းရတာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အုပ်ချုပ်ရေးမှူး ဦးစိုးဝေနဲ့သက်တော်စောင့်ဖြစ်တဲ့ စစ်အုပ်စု ပြည်သူ့စစ်မှုထမ်း တစ်ဦးတို့ကို ပုလောမြို့ ကျောက်စုဂိတ်အနီးမှာ မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းနဲ့ ကရင်အမျိုးသားကာကွယ်ရေးတပ် (KNDO) ပူးပေါင်း မဟာမိတ်အဖွဲ့က ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် ပစ်ခတ်မှုကြောင့် အုပ်ချုပ်ရေးမှုးနဲ့ သူ့ရဲ့ သက်တောင်စောင့် နှစ်ဦးစလုံးဟာ နေရာမှာတင်ပွဲချင်းပြီးသေဆုံးခဲ့ပြီး AK47 ရိုင်ဖယ် (၁) လက် ၊ကျည်ဘောက် (၁) ခု၊ ၇.၆၂ ကျည် (၇)တောင့်နဲ့ ဖုန်း(၁)လုံးတို့ကို သိမ်းဆည်းရမိခဲ့တယ်လို့လည်း မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းက ဒီကနေ့မှာထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။







Comments