အာဇာနည်နေ့အခမ်းအနားကျင်းပဖို့ ပြင်ဆင်နေစဥ် ဗုံးကြဲတိုက်ခိုက်ခံရ
- BVJ

- Jul 23
- 1 min read
အေတီ/BVJ_ ဇူလိုင် ၁၉၊ ၂၀၂၅

တနင်္သာရီတိုင်း၊ ပုလောမြို့နယ် ဘိုင်းပြင်ကျေးရွာ မိမ္မမြို့ကျေးရွာအနီးမှာ အာဇာနည်နေ့အခမ်းအနားကျင်းပဖို့ ပြင်ဆင်နေစဥ် စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အသက်၁၂နှစ်အရွယ် ကလေးငယ်တစ်ဦးသေဆုံးပြီး အရပ်သား၄ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။


ဒီနေ့ မနက်၁၀နာရီ ၂၂မိနစ်မှာ အာဇာနည်နေ့အခမ်းအနားကျင်းပဖို့ လူစုနေတဲ့နေရာအနီးကို စစ်ကောင်စီက တိုက်လေယာဥ်နဲ့ဗုံးကြဲရုံတင်မက စက်သေနတ်ကြီးနဲ့ပါပစ်ခတ်ခဲ့တယ်လို့ အဲ့ဒီဗုံးနားမှာရှိနေတဲ့ ပုလောပကဖတပ်ဖွဲ့ဝင် ဂိုဂိုးက BVJ ကို အတည်ပြုပါတယ်။
“ကျွန်တော်တို့က pdf knu ပကဖ ရဲဘော်တွေပေါင်းပြီး အာဇာနည်နေ့ အလေးပြုဖို့ မနက် ၁၀နာရီ ဝန်းကျင် ချိန်းထားကြတာ။ ချိန်းထားတဲ့ ဘေးပတ်ဝန်းကျင်နေရာကို ကြဲသွားတာပေါ့ဗျာ။ ကလေးတစ်ယောက်သေတယ် ။ ကြဲရုံတင်မကဘူး လေယာဥ်ပေါ်ကနေ စက်သေနတ်ကြီးနဲ့ပါပစ်တာ ”လို့ ပုလောပကဖအဖွဲ့ဝင် ဂိုဂိုးက ပြောပါတယ်။

ဗုံးကြဲတိုက်ခိုက်ခံရတဲ့အချိန်က ဘိုင်းပြင်ကျေးရွာတဝိုက်မှာ ဘာတိုက်ပွဲမှမရှိခဲ့တာကြောင့် စစ်ကောင်စီက အရပ်သားပစ်မှတ်တွေကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် လူသေဆုံးမှု အပြင် အိမ်၃လုံးပါပျက်စီးသွားတာကြောင့် အာဇာနည်နေ့အခမ်းအနားအစီအစဥ်လည်း ဆက်မလုပ်ဖြစ်တော့ဘဲရပ်နားလိုက်ရတယ်လို့ ကိုဂိုဂိုးအပြောအရသိရပါတယ်။
ဓာတ်ပုံ- ဂိုဂိုး







Comments