top of page

အညာမြေတပ်ပေါင်းစုစခန်းခွဲ ဗုံးကြဲခံရပြီး တပ်စိတ်မှူးအပါ ရဲဘော် ၃ ဦးကျဆုံး

  • Writer: BVJ
    BVJ
  • 3 days ago
  • 1 min read

မိုနာ/BVJ_ စက်တင်ဘာ ၂၉၊ ၂၀၂၅

ree

မကွေးတိုင်း၊ ပခုက္ကူခရိုင်အခြေစိုက် အညာမြေတပ်ပေါင်းစုရဲ့ စခန်းခွဲတစ်ခုကို စစ်တပ်ကလေကြောင်းဗုံးကြဲတိုက်တာကြောင့် ရဲဘော် သုံးဦးထိမှန်ကျဆုံးခဲ့တယ်လို့ တပ်ပေါင်းစုက ဒီနေ့မှာထုတ်ပြန်ပါတယ်။

 

မနေ့က စက်တင်ဘာ ၂၈ရက်ညနေမှာ ကြဲခံရတာဖြစ်ပြီး အဲ့ဒီတိုက်ခိုက်မှုအတွင်းမှာ အညာမြေတပ်ပေါင်းစုက စခန်းမှူး၊တပ်စိတ်မှူး ရဲဘော်သေမင်း (၂၀ နှစ်)၊ God of myaingက ရဲဘော်ဗလ (၁၈ နှစ်)၊နဲ့ PI PDFက ရဲဘော်နိုင်ကြီး (၃၄ နှစ်)တို့ကျဆုံးခဲ့တာဖြစ်ပါတယ်။

 

“မနေ့က ည၇နာရီမှာ ပခုက္ကူ ၁၀၁ကတက်လာတဲ့ ပါရာမော်တာ(စက်တပ်လေထီး)နှစ်လုံးနဲ့ ကြဲချတိုက်ခိုက်မှုကြောင့် ဒီဖြစ်စဉ်ဖြစ်သွားပါတယ်။ တခြားရဲဘော်တွေတော့ ထိခိုက်ကျဆုံးတာမရှိခဲ့ဘဲနဲ့ ဒီရဲဘော်၃ယောက်ပဲ ထိခိုက်ကျဆုံးသွားပါတယ်။ ဒီရဲဘော်သုံးယောက်ရဲ့ တာဝန်ကိုက တခြားရဲဘော်တွေကိုအရင်ဆေ့ဗ်ဖြစ်အောင်လို့ အရင်ဦးစားပေးတဲ့တာဝန်တွေပါ ပူးတွဲထမ်းဆောင်နေတာကြောင့် ဒီလိုမျိုး အသက်အန္တရာယ်နဲ့ကြုံတွေ့တာမျိုးလည်း ဖြစ်သွားပါတယ်ဗျ”လို့ အညာမြေတပ်ပေါင်းစု သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ကိုဘိုဘိုသန့်ဇင်က Burma VJကိုပြောပါတယ်။

 

ree

အခုလ ၁၉ရက်နေ့မှာ တော်လှန်ရေးတပ်ဘက်က ရဲဘော်လေးယောက်ဖြစ်တဲ့ မြတ်ကြီး၊ ငလင်း၊ ဖြိုးဇက်နဲ့ နိုင်းဝမ်းတို့ဟာ သေနတ်ငါးလက်ယူဆောင်ပြီး ညောင်ဂျစ်ပင်ကျေးရွာရှိ ပျူစောထီးတပ်စခန်းဘက်ကိုပူးပေါင်းသွားတဲ့ဖြစ်စဉ်ဖြစ်ခဲ့ပြီးနောက် အခုလိုစခန်းနေရာအတိအကျကို ဗုံးကြဲတိုက်ခိုက်တဲ့လာတာမျိုးကြုံတွေ့ရတယ်လို့လည်း ကိုဘိုဘိုသန့်ဇင်ကပြောပါတယ်။

 

“အခုရဲဘော်လေးယောက်ဖြစ်စဉ်က ကျနော်တို့ခရိုင်အတွင်းမှာဖြစ်ခဲ့တယ်။ အခုဘက်ပြောင်းသွားတဲ့ ရဲဘော်တွေက ကျနော်တို့အညာမြေတပ်ပေါင်းစုကမဟုတ်သလို ကျနော်တို့ရဲ့မဟာမိတ်ထဲကလည်းမဟုတ်ဘူး။ ဒါပေမယ့် မြေပြင်ဖြစ်တဲ့အတွက် ရဲဘော်တွေအချင်းချင်းကြားမှာဘယ်သူစခန်းက ဘယ်နားမှာဆိုတာမျိုးတော့သိရှိနိုင်မှုတွေ၊ ဝင်ထွက်သွားလာမှုတွေရှိတယ်ပေါ့ဗျာ။ ဒီလိုသိရှိထားတဲ့ရဲဘော်တွေက ‌ေ-ွး(စစ်အုပ်စု)ဘက်ကိုဘက်ပြောင်းသွားတဲ့အခါမှာတည်နေရာတွေ လိုကေးရှင်းတွေချပြလိုက်တဲ့အခါမှာ အခုလိုမျိုးဘေးထွက်ဆိုးကျိုးတွေနဲ့ကြုံတွေ့သွားရတယ်လို့ ကျနော်တို့တော့ကောက်ချက်ချပါတယ်”  

 

ပခုက္ကူအရှေ့ဘက် ရေမျက်ကျေးရွာမှာအခြေစိုက်တဲ့ တော်လှန်ရေး ရဲဘော်လေးယောက်ဟာ စက်တင်ဘာ ၁၉ ရက်မှာ စစ်အုပ်စုနဲ့ပူးပေါင်းသွားတာကြောင့် ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ လုံခြုံရေးသတိထားကြဖို့ကိုလည်း နှိုးဆော်မှုတွေရှိခဲ့ပါသေးတယ်။

 

ree

ကျဆုံးသွားတဲ့ရဲဘော် သုံးဦးရဲ့စျာပနကို ဒီနေ့မနက်ပိုင်းမှာပြုလုပ်ခဲ့ပြီး လေကြောင်းရန်အန္တရာယ်ကြောင့် စျာပနကိုလည်းမြန်မြန်ဆန်ဆန်ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

 

အခုကျဆုံးသွားတဲ့ရဲဘော်တွေအတွက် ဆုံးရှုံးမှုကိုပြန်လည်တောင်းယူကုစားမှာဖြစ်ပြီး ကျဆုံး ရဲဘော်တွေရဲ့မျက်နှာကိုထောက်ရှူသောအားဖြင့် တော်လှန်ရေးမှာ ရိုးသားယုံကြည်ခိုင်မာစွာနဲ့ လမ်းစဉ်မှန်စွာပါဝင်ပေးကြဖို့ကိုလည်း အညာမြေတပ်ပေါင်းစုက ရဲဘော်တွေနဲ့ပြည်သူတွေကို တောင်းဆိုထားပါသေးတယ်။

 

ပုံစာ-ကျဆုံးရဲဘော်လေးဦး စျာပနပြုလုပ်နေပုံ(ဓါတ်ပုံ-အညာမြေတပ်ပေါင်းစု)

 

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page