အိမ်ခြေနှစ်ရာကျော်ရှိတဲ့ကံရပ်ကြီးကျေးရွာ ရွာလုံးကျွတ်မီးရှို့ခံရ
- BVJ

- 4 days ago
- 1 min read
ယူဂရင်း/BVJ_ဇန်နဝါရီ ၉၊ ၂၀၂၆

မကွေးတိုင်း၊ ပခုက္ကူမြို့နယ် ကံရပ်ကြီးကျေးရွာက နေအိမ် နှစ်ရာကို စစ်အုပ်စုကမနေ့က ဇန်နဝါရီ ၈ရက်မှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသတွင်းအဖွဲ့အစည်းတွေကသိရပါတယ်။

တပ်မ ၁၀၁ကထွက်လာတဲ့ စစ်အုပ်စုအင်အား သုံးရာခန့်က မနက်ပိုင်းမှာမီးရှို့ခဲ့တာဖြစ်ပြီး အဲ့ဒီမီးရှို့မှုအတွင်းမှာ အိမ်ခြေနှစ်ရာကျော်နဲ့ တောင်သူတောင်စာ အများအပြားမီးလောင်ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ချစ်သောအညာမြေအဖွဲ့(We Love Myaing)အဖွဲ့နဲ့ အညာမြေတပ်ပေါင်းစုတို့က ထုတ်ပြန်ထားပါတယ်။
ကံရပ်ကြီးရွာဟာ အိမ်ခြေနှစ်ရာကျော်ရှိတဲ့ရွာဖြစ်တာကြောင့် ရွာလုံးကျွတ်နီးပါး မီးရှို့ဖျက်ဆီးခံရတာ
ဖြစ်ကြောင်းနဲ့ အဲ့ဒီအတွင်း ကံရပ်ကြီးရွာက သက်ကြီးရွယ်အိုအမျိုးသမီးတစ်ဦးလည်း
သွေးလန့်ဆုံးပါးခဲ့ရတယ်လို့ သိရပါတယ်။


ဒီနေ့မနက်မှာလည်း ကမ္မမြို့ပေါ်နဲ့ဝန်းကျင်ရွာတွေကို စစ်အုပ်စုကမီးရှို့ဖျက်ဆီးနေကြောင်းနဲ့ အဲ့ဒီစစ်ကြောင်းက မြိုင်နယ်၊ပေါက်နယ်ဘက်ကို ဆက်ပြီးစစ်ကြောင်းထိုးမယ်ခန့်မှန်းကြောင်း အညာမြေတပ်ပေါင်းစုက ပြောထားပါတယ်။
စစ်အုပ်စုမီးရှို့ဖျက်ဆီးပြီးနောက် ကံရပ်ကြီးကျေးရွာကိုမြင်တွေ့ရပုံ(ဓါတ်ပုံ- We Love Myaing)







Comments